မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၂-၂၀၁၃ - နံနက်ပိုင်း)


- မလက်တို လယ်သမားဆန္ဒပြပွဲ ပစ်ခတ်ခံရ click
- မအူပင် လယ်မြေပဋိပက္ခ သေဆုံးထိခိုက်မှုရှိ click
- မအူပင် အဓိကရုဏ်း လယ်သမား ၁၉ ယောက် ဆေးရုံတင်ရ click
- ဥပဒေအရ အခြေအနေ ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီး ပြော click
- မအူပင်မြို့နယ် လယ်သမားအရေး လွှတ်တော်က အရေးပေါ်ဆောင်ရွက်ရန် တောင်းဆို click
- လူမဟုတ်သောသူတို့၏ ဘေး click
- နော်ဝေရောက် မြန်မာသမ္မတကို ဆန္ဒပြ click
- နော်ဝေရောက် မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည် click
- သမ္မတ ဦးသိန်းစိန် နော်ဝေရောက် မြန်မာတွေနဲ့ တွေ့ဆုံ click
- လွတ်လပ်မှုသည် ဖိနှိပ်မှုထက် ဈေးချို click
- လွတ်လပ်မှုရဖို့ ညီညွှတ်ဖို့ လိုအပ်ကြောင်း ဒက်စ်မွန်တူးတူး ပြောကြား click
- စည်းလုံးမှ လွတ်လပ်မှု အတူခံစားရမယ်လို့ ဘုန်းတော်ကြီး တူးတူး ပြော click
- ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ အမေရိကန်စင်တာ ဟောပြောပွဲ (ရုပ်သံ) click
- ပြည့်ဝထွန်းကားတဲ့ လူ့အခွင့်အရေး ရရှိဖို့ click
- ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်းကို စာနယ်ဇင်းသမားတွေ စိတ်မဝင်စား click
- အမေရိကန် ရင်းနှီးမြှုပ်နှံမှု စိန်ခေါ်မှုနဲ့ အခွင့်အလန်းများ click
- ကမ္ဘာ့ဘဏ် အကူအညီ လက်ခံရမယ့် မြို့နယ်တွေ ရွေးချယ် click
- ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ (ရုပ်သံ) click
- ကိုယ်ဝန် အဆိပ်တက်တဲ့ ရောဂါ click
- ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၅ ) click
- ကြိမ်မီးတွေ လောင်တော့မယ် (ကဗျာ) click
- မိဘဆွေသို့ တိုင်တည်ခြင်း (ကဗျာ) click
- အသက်နဲ့ထပ်တူ (ဆောင်းပါး) click
- အရပ်ဝတ်တွေ ရှေ့ထုတ် (ကာတွန်း) click
- လင့်အကြိုက် (ကာတွန်း) click
- အနားယူတော့မည့် ပုဒ်ရဟန်းမင်းကြီး နောက်ဆုံး ၀တ်ပြု click
- ပုပ်ရဟန်းမင်းကြီးက နောက်ပုပ်ရဟန်းမင်းအတွက် ဆုမွန်တောင်း click
- ဆီးရီးယားသူပုန်တွေကို အကူအညီပေးဖို့ အမေရိကန် စဉ်းစား click
- အစိုးရအသုံးစရိတ် ဖြေရှင်းရေး သမ္မတနဲ့ လွှတ်တော် အချိန်ကပ် ကြိုးပမ်း click
- ကာကွယ်ရေးဝန်ကြီးသစ် အကဲစမ်းမှုတွေနဲ့ တာဝန်စတင် click
- ပါတီခေါင်းဆောင်ကို ဝေဖန်တဲ့ သတင်းစာဆရာ အလုပ်ပြုတ် click
- နျူကလီးယားစမ်းသပ်ခြင်းနဲ့ မြေလွှာတုန်ခါမှု (ရုပ်သံ) click
- အာဖရိကန် ဖယောင်းပြတိုက် (ရုပ်သံ) click

မူးယစ်ရာဇာနော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မည်

ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို
ယူနန်ပြည်နယ် ကူမင်းမြို့တွင် မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ ၎င်းတို့ကို တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးရန် စီရင်ချက်ချထားပြီးဖြစ်ကြောင်း၊ လက်ထောက် ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham, နိုင်ငံမဲ့ဖြစ်သူ Yi Lai, လာအိုလူမျိုး Zha Xika တို့ ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။ ပီကင်းမြို့ တရားရုံးချုပ်က ၎င်းတို့အပေါ် စီရင်ချက်ကို ပြန်လည် စစ်ဆေးပြီးနောက် ကွပ်မျက်ရန် လက်မှတ်ထိုးခဲ့ကြောင်း သတင်းတွင် ဆက်လက် ရေးသား ဖော်ပြထားသည်။ ယင်းသို့ ကွပ်မျက်မိန့်ကို ဖေဖော်ဝါရီ ၂၂ (သောကြာနေ့) တွင် ကူမင်းမြို့တရားရုံးက လက်ခံရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၄ (တနင်္ဂနွေနေ့) တွင် တရားခံတို့အား အသိပေးခဲ့ကြောင်းလည်း ရေးထားသည်။ တရားခံတို့၏ ဆွေမျိုးများ၊ ထိုင်း နှင့် မြန်မာ သံအရာရှိများကို တရားခံတို့နှင့် တွေ့ဆုံရန် တရားရုံးက စီစဉ်ပြီးဖြစ်ကြောင်း၊ ကွပ်မျက်ပြီးပါက ရုပ်အလောင်း၊ သေတမ်းစာ၊ ကိုယ်ပိုင်ပစ္စည်း စသည်တို့ကို တရားရုံးက ဆွေမျိုးများ သို့တည်းမဟုတ် သံအရာရှိများထံ လွဲအပ်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။နော်ခမ်း၏ အဖွဲ့ဝင် ၂ ဦးဖြစ်သော Zha Bo နှင့် Zha Tuobo ဆိုသူတို့ ၂ ဦးသည် ဆိုင်းငံ့ သေဒဏ်၊ ထောင်ဒဏ် ၈ နှစ် တို့ကို သီးခြားစီ ကျခံရမည် ဖြစ်သည်ဟု ဆိုသည်။ မဲခေါင်မြစ်အတိုင်း ခုတ်မောင်းခဲ့သော တရုတ်သင်္ဘော ၂ စီး သည် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသတွင် တိုက်ခိုက်ခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။ လွန်ခဲ့သည့် ၂ နှစ်က ပေါ်ပေါက်ခဲ့သော ထိုတိုက်ခိုက်မှုကို မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရွှေတွံတေးဆရာတော် "မတရားမလုပ်နဲ့" တရားဟော


ကူမဲမြို့ နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ဘ/က ပညာရေး အထောက် အပံ့ လှူဒါန်းပွဲ ပေါင်းစု ဆင်ယင် အထူးဓမ္မ သဘင် ကျင်းပရာ ရွှေရောင်ထောက် ပရစ်ဗိမာန်တော်တွင် ကမ္ဘာ့ အရှေ့ အလယ်ပိုင်း အာရပ် ကမ္ဘာ့ပထမဆုံး သာသနာပြု ဆရာတော်လည်းဖြစ်၊  ၁၁ နိုင်ငံ သာသနာပြုဆရာတော်  ဖြစ်သော ရွှေတွံတေး ဆရာတော်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က တရားဟောကြားခဲ့ပါတယ်။ 

  
 ဓမ္မပူဇာ အလှူငွေများနှင့်ဖြည့်စွက်အလှူငွေများကို ရေတွင်းဖြူ -မြောင်းကြား - နောင်ဆိုင်း - မိုင်းမော - အုတ်နှဲဘုတ် - ခရုတုပ် -အရေးမဆို စသော ဘ/က ပညာရေးကျောင်း ၈ ကျောင်းသို့   လှူဒါန်း ခဲ့ပါတယ်။ 
ရွှေတွံတေးဆရာတော်က ..... 
“ ဘုရားကိုတကယ်ကြည်ညိုရင် ဘုရားရဲ့ စရိယ ၃ ပါးကိုကျင့်ပါ၊ ကိုယ် အရည်အချင်း ရှိအောင် သီလ သမာဓိ ပညာ ပြည့်စုံဖို့ကျင့် - ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား အကျိုးဖြည့်ကျင့် လူသား အားလုံး အကျိုးဖြည့် ကျင့်- အဆင့်ဆင့်ကျင့်ကြပါ ကိုယ်လည်း သီလလုံအောင်စောင့် မသတ်နဲ့  မနှိပ်ခက်နဲ့ မခိုးနဲ့ မလိမ်နဲ့  မတရားမလုပ်နဲ့ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကျုးလွန်နေရင်လည်းဝိုင်းတား ၀ိုင်းပြုပြင်ကြပါ၊ ရတနာ ၃ ပါး မစောင့်ရှောက်ကြရင် အမျိုး ဘာသာ သာသနာ နိုင်ငံပါပျောက်သွားမယ် ။ ဘ/က ပညာရေးဟာ သမိုင်း အစဉ်အဆက်ရှိခဲ့တာ တိုင်းပြည်ရဲ့ လိုအပ် ချက်အရဖြည့်ဆည်းပေါ်ပေါက် ရတာမို့ ဝိုင်းဝန်း ကူညီကြ ဖို့  စောင့်ရှောက်ကြဖို့  ပံ့ပိုးကြဖို့  အာဏာပိုင်ရော လူထုကိုပါ မေတ္တာရပ်ခံ ပါတယ်.’’ ........စသဖြင့်
ဟောကြားခဲ့ပါတယ်။ 










ဘလော့ Post တွေကိုRead moreဆိုပြီးထည့်ချင်ရင်


ဒီနေ့ကျနော်တင်တဲ့Post ကတော့ Read more လုပ်တဲ့နည်းလေးပါဘဲ၊တင်ပြီးသား Post တွေလည်း
ရှိမယ်ထင်ပါတယ်၊ပုံစံတွေမတူကြတော့ထပ်ခါတလဲလဲပြန်တင်ရခြင်းဖြစ်ပါတယ်၊အောက်မှာထည့်နည်း
နဲ့တကွCodeရှိပါတယ်။။။။

၁။Layout

၂။Edit HTML

၃။Expand Widgets Templateကိုအမှန်ခြစ်ပေးပါ။

အောက်က Code ကိုရှာပါ၊
</head>
တွေ့ပြီဆိုရင်အောက်မှာ အောက်က Code ကိုထည့်ပေးလိုက်ပါ၊
<script type='text/javascript'> var thumbnail_mode = &quot;float&quot; ; summary_noimg = 230; summary_img = 140; img_thumb_height = 100; img_thumb_width = 100; </script> <script src='http://keerthiset2.110mb.com/excerpt.js' type='text/javascript'/>
အောက်က Code ကိုထပ်ရှာပါ၊
<data:post.body/>
တွေ့ပြီဆိုရင်အောက်က Code နဲ့အစားထိုးပေးလိုက်ပါ။။
<b:if cond='data:blog.pageType == &quot;item&quot;'> <data:post.body/> <b:else/> <div expr:id='&quot;summary&quot; + data:post.id'> <data:post.body/> </div> <script type='text/javascript'> createSummaryAndThumb(&quot;summary<data:post.id/>&quot;); </script> <div style='clear: both;'/> <span style='padding-top:5px;;float:right;text-align:right;'><a expr:href='data:post.url' rel='bookmark'><b>>>>ဆက်ဖတ်ရန်>>> >></b></a></span> </b:if>
၎။Save Template ကိုနိုပ်ပါ။ပြီးပါပြီ။။

kp3မိသားစုမှ ကူးယူဖော်ပြသည်။

Whizzo Myanmar Typing Software(မြန်မာလက်ကွက်ကျင့်ရန်)



   
 ဟိုတစ်လောက Typing software လေးကျွန်တော့်ဆီလာတောင်းဖူးတယ်ခင်ဗျ
ဒါပေမယ့် ရှိတဲ့ လင့်တွေက ပျက်နေတော့ အဆင်မပြေဘူးအခုတော့တွေ့ပီ
ဒီဆော့ဝဲလေး မဆိုးပါဘူး ကျောင်းသားတွေဖန်တီးထားတာပါ
ဒါပေမယ့် ဇော်ဂျီ လက်ကွက်တော့မဟုတ်ဘူးခင်ဗျ Unicode စတိုင်ပဲ
ဒါပေမယ့် မတူတာနည်းပါတယ်... အသင့်အတင့်တော့ အဆင်ပြေမှာပါ
          WhizzoTypingTutor

သမ္မတကအော်စလိုရှိမြန်မာနဲ့တွေ့ဆုံမယ်



မြန်မာနိုင်ငံသမ္မတ ​ဦးသိန်းစိန် ​ရဲ့ ​ပထမဦးဆုံး ​ဥရောပခရီးစဉ်စတင်ခဲ့ပြီး ​ပထမဦးဆုံးအနေနဲ့ ​နော်ဝေးနိုင်ငံ ​အော်စလိုမြို့ကို​မနေ့ကရောက်ရှိ နေပြီး ​နော်ဝေရောက် ​မြန် မာမိသားစု ​တွေနဲ့တွေ့ဆုံမယ် လို့ ​သိရ ပါတယ်။

သမ္မတဦးသိန်းစိန် ဥရောပခရီးအစအဖြစ် နော်ဝေရောက်ရှိ

မြန်မာသမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်) 
မြန်မာသမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)

မြန်မာအစိုးရ အကြီးအကဲ တဦးရဲ့ နှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ် ဥရောပ ခရီးစဉ် အစအဖြစ် သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ဒီကနေ့ပဲ ရောက်လာပါတယ်။ ဆယ်စုနှစ်တွေနဲ့ ချီပြီး အထီးကျန် ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် လာရောက်နေတဲ့    နော်ဝေနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

ကျားမှောင်ခိုလုပ်ငန်း တရုတ် အစိုးရ တိတ်တဆိတ် အားပေး

တရားမ၀င် မှောင်ခိုရောင်းဝယ်သူတွေထံက သိမ်းဆည်းရမိခဲ့တဲ့ ကျား ၁၆ ကောင်ထဲက တကောင် (အောက်တိုဘာ ၂၀၁၂) 
တရားမ၀င် မှောင်ခိုရောင်းဝယ်သူတွေထံက သိမ်းဆည်းရမိခဲ့တဲ့ ကျား ၁၆ ကောင်ထဲက တကောင် (အောက်တိုဘာ ၂၀၁၂)

တိရစ္ဆာန်တွေအပေါ် ကာကွယ် စောင့်ရှောက်ရေး နိုင်ငံတကာ ကြိုးပမ်းမှုတွေကို လိုက်နာဖို့ သဘောတူထားတဲ့ တရုတ် အစိုးရဟာ ကျားသားရေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှောင်ခို
ရောင်းဝယ် ဖောက်ကားမှုတွေကို အားပေးနေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့က စွပ်စွဲလိုက်ပါတယ်။

မအူပင် လယ်သမားဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ

မြန်မာလယ်သမားတဦး (ဓာတ်ပုံ-အေပီ) ၂၀၀၈ခုနှစ်
မြန်မာလယ်သမားတဦး (ဓာတ်ပုံ-အေပီ) ၂၀၀၈ခုနှစ်

ဧရာဝတီတိုင်း မအူပင်မြို့နယ်ထဲမှာ ၁၇ နှစ်ကြာ အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်လည် ရရှိရေး တောင်းဆို ဆန္ဒပြကြတဲ့ ဒေသခံတွေကို လုံခြုံရေး အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းမှု တွေအတွင်း ထိခိုက် ဒဏ်ရာ တွေ ရခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စု၊ ပလောင်း ကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ ထဲမှာရှိတဲ့ ရွာပေါင်း ၆ ရွာက လယ်သမားတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြတာကို လုံခြုံရေး အာဏာပိုင်တွေက နေ၀င်မီးငြိမ်း အမိန့် ထုတ် ပြန်ပြီး လူစုခွဲဖို့ အမိန့် ပေးထားခဲ့ပြီးနောက် အင်္ဂါနေ့ ညနေပိုင်းက စတင်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာ လို့ ဒေသ ခံတွေက ပြောပါတယ်။

မန္တလေး အိုးဘိုထောင်တွင် နိုင်ကျဉ်းများ ညှဉ်းပန်းခံနေရ

မန္တလေး အိုးဘို အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို နည်းလမ်းမျိုးစုံဖြင့် အနိုင်ကျင့်ခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ နေ့စဉ် ရှိနေသေးကြောင်း သိရသည်။
အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မ ခေါင်းစဉ်ပြောင်းကာ အလုပ်ကြမ်းနှင့် အဓမ္မ စေခိုင်းမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ယင်း အကျဉ်းထောင်တွင် ရှိနေသော ကိုအောင်ကိုလတ် (ခ) အောင်ကြီးက ၎င်းကို ရုံးထုတ်လာစဉ် ဧရာဝတီသို့ ပြောကြားခဲ့သည်။

မန္တလေး အိုးဘိုထောင်မြင်ကွင်း (ဓာတ်ပုံ – RFA)
“ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူးဆိုပြီး လက်ရှိ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ မလုပ်ချင်တဲ့ အလုပ်တွေကိုလည်း မလုပ်မနေရ အဓမ္မ လုပ်ခိုင်းတယ်” ဟု ၎င်းက ဆိုသည်။
ကိုအောင်ကိုလတ်မှာ မြို့မဈေး ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူအဖြစ် ပုဒ်မ ၁၇/ ၁ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံထားရသူ ဖြစ်သည်။

မြန်မာနှင့် ထိုင်းနိုင်ငံသားတို့ထံမှ စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့် သယ်ဆောင်သူ ၃ ဦးကို တွေ့ရစဉ် (ဓာတ်ပုံ – MCOT)

မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား တဦးတို့ကို ရာဘ စိတ်ကြွဆေးပြား ၂ သိန်းနှင့်အတူ ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနှင့် ထိုင်းနိုင်ငံသားတို့ကို ချင်းမိုင်-ဘန်ကောက် ပြေးဆွဲနေသည့် လိုင်းကားပေါ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
စိတ်ကြွဆေးပြားများကို ချင်းမိုင်ခရိုင် ချိုင်းပါကာမြို့မှ သယ်ဆောင်လာပြီး ဘန်ကောက်သို့ ပို့ဆောင်ပေးရမည်ဟု အဖမ်းခံရသူများက ထွက်ဆိုကြောင်း ထိုင်းရတ်သတင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ယင်း စိတ်ကြွဆေးပြားများကို ဘန်ကောက်သို့ ပို့ဆောင်နေသည့်မှာ ၃ ကြိမ်ရှိပြီး တဦးလျှင် ဘတ်ငွေ ၄ သောင်းခန့် ရရှိကြောင်း အဖမ်းခံရသူများက ထွက်ဆိုသည်။
အဖမ်းခံရသူများသည် အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ချင်းမိုင်မြို့ခရိုင် ဖန်မြို့နယ်တွင် နေထိုင်၍ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားပြီး ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို ထိုင်းသတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) အကြီးအကဲ မစ္စတာ ချလုံ ယူဘမ်ပရုန်းက ယခုအခါ မူးယစ်ဆေးဝါးများကို ထိုင်း-မြန်မာ ချင်းရိုင် နယ်စပ်မှတဆင့် ဘန်ကောက်မြို့ထဲသို့ တင်ပို့နေသူများဟု ယူဆရသူ ၁၅ ဦးကိုလည်း ဖမ်ဆီးရမိထားပြီး အများစုမှာ ထိုင်းတောင်တန်းဒေသမှ တိုင်းရင်းသား လူမျိုးများဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားထားသည်။
မကြားသေးခင် ရက်ပိုင်းက ဘန်ကောက်မြို့တွင် အဆိုပါ တိုင်းရင်းသား ၁၅ ဦးထံမှ စိတ်ကြွဆေးပြား ၅.၂ သန်းနှင့် အိုက် ဟု ခေါ်ဆိုသည့် မူးယစ်ဆေးဝါး ၁၃၆ ကီလိုတို့ကို ဖမ်းဆီးရမှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မစ္စတာ ချလုံ ယူဘမ်ပရုန်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ဆေးတွေ့ရှိချက်အရ အားလုံးက အိမ်နီးချင်းနိုင်ငံက လာတယ်ဆိုတာ သေချာတယ်။ နောက်ပြီး ထိုင်းရဲတွေ အလိုရှိနေတဲ့ ယင်ဆေး ဆီက လာတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဦးယင်းဆေးသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် တဦးဖြစ်ပြီး စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့် ပတ်သက်၍ နာမည်ကြီးနေသူဖြစ်၍ ထိုင်းအာဏာပိုင်များက အလိုရှိသူ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလ ၂၀ ရက်နေ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများကို ဆုငွေ ထုတ်ထားသည့် ၂၅ ဦးထဲတွင် ဦးယင်ဆေးလည်း ပါဝင်သည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင် ရောင်းချနေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသော်လည်း အောင်မြင်မှု မရခြင်းသည် ဗီယက်နမ်နိုင်ငံမှ တဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်သော ဓာတုဆေးဝါးများကို ရယူ၍ မြန်မာနိုင်ငံ အတွင်း ထုတ်လုပ်နေသောကြောင့် ဖြစ်သည်ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာ လဆန်းပိုင်းတွင် မစ္စတာ ချလုံ ယူဘမ်ပရုန်းက စွပ်စွဲပြောဆိုခဲ့သေးသည်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၂-၂၀၁၃ - ညပိုင်း)

- ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ် click
- မအူပင်က လယ်သမားများ ပုဒ်မ ၁၄၄ ဖြင့် ဟန့်တားခံရ click
- ဟံသာဝတီယာဉ်စခန်း ပြောင်းရွှေ့ခိုင်းမှု ကန့်ကွက်ဆန္ဒပြ click
- နေပြည်တော်ကောင်စီနှင့် သမ္မတရုံး အသုံးစရိတ် များနေသည့်အတွက် ခွဲဝေပေးရန် ဆွေးနွေး click
- ယူအန်အက်ဖ်စီကို မဏ္ဍိုင်ထားပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမည်ဟု မွန်ပြည်သစ် ပြော click
- သမ္မတ ဦးသိန်းစိန် ဥရောပ ၅ နိုင်ငံ ခရီးထွက် click
- သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်အဖွဲ့ နော်ဝေအစိုးရနှင့် တွေ့မည် (အသံ) click
- ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ (ဓာတ်ပုံ) click
- ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ (ဓာတ်ပုံ) click
- အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင် ဖမ်းမိ click
- ကုန်ပစ္စည်းအမယ်ပေါင်း ၃၀၀ ကျော် လိုင်စင်မလိုဘဲ တင်သွင်းနိုင်မည် click
- “လ” အက္ခရာ ကားတွေ အပ်နှံနိုင်ပြီ click
- လူရည်ချွန်စာရင်း ပညာရေးဝန်ကြီးဌာန ကြေညာ click
- လူရည်ချွန်စာရင်း ထုတ်ပြန် click

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes