ရွှေတွံတေးဆရာတော် လက်ပံတောင်း တရားပွဲကျင်းပ







မုံရွာ လက်ပံတောင်း ကြေးနီတောင် စီမံကိန်းဖြင့်
အခက်အခဲပြသ၁နာရှိနေကြသော ရွာ ၉ ရွာမှရွာသားများကျင်းပသော လက်ပံတောင်း
တရားပွဲကို ၁၈. ၂. ၂၀၁၃ နေ့ က စည်တည်ရွာတွင်ကျင်းပရာ
ရွှေတွံတေးဆရာတော်ကြွရောက် တရားချီးမြှင့်ခဲ့သည်။
 ရွာသားများအတွက် အစားအစား
ဆေးဝါးနှင့်တီရှပ်များဝေငှခဲ့သည်။ ဓမ္မပူဇာအလှူငွေများကိုလည်း
ရွာကျောင်းအတွက်လှူဒါန်းခဲ့သည်။
 ရွှေတွံတေးဆရာတော်က ..... ” ကိုယ့်ဘိုးဘွား
စဉ်ဆက်ဂုဏ်ကိုထိန်းကြပါ.... သတိ ၀ီရိယ ရှိကြပါ .... ပါရမီ ဖြည့်ကျင့်ကြပါ
သစ္စာ မေတ္တာ အဓိဌာန်ပါရမီတွေရှိမှ အမှန်တရား ပေါ်ပေါက်တည်မြဲလိမ့်မည်....
သီလတွေလုံအောင်ထိန်းဖို့ -
သစ္စာဓိဌာန်ပြုကြဖို့  စသဖြင့်ဟောကြားပြီး ဂုဏ်တော်ရွတ်  မေတ္တာပွါး
ဝိပသ၁နာအခြေခံများအားထုတ် စေခဲ့ပါသည်။







 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes