မအူပင် လယ်သမားဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ

မြန်မာလယ်သမားတဦး (ဓာတ်ပုံ-အေပီ) ၂၀၀၈ခုနှစ်
မြန်မာလယ်သမားတဦး (ဓာတ်ပုံ-အေပီ) ၂၀၀၈ခုနှစ်

ဧရာဝတီတိုင်း မအူပင်မြို့နယ်ထဲမှာ ၁၇ နှစ်ကြာ အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်လည် ရရှိရေး တောင်းဆို ဆန္ဒပြကြတဲ့ ဒေသခံတွေကို လုံခြုံရေး အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းမှု တွေအတွင်း ထိခိုက် ဒဏ်ရာ တွေ ရခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စု၊ ပလောင်း ကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ ထဲမှာရှိတဲ့ ရွာပေါင်း ၆ ရွာက လယ်သမားတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြတာကို လုံခြုံရေး အာဏာပိုင်တွေက နေ၀င်မီးငြိမ်း အမိန့် ထုတ် ပြန်ပြီး လူစုခွဲဖို့ အမိန့် ပေးထားခဲ့ပြီးနောက် အင်္ဂါနေ့ ညနေပိုင်းက စတင်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာ လို့ ဒေသ ခံတွေက ပြောပါတယ်။


လယ်သမားအရေး လှုပ်ရှားနေသူ တဦးလည်းဖြစ်တဲ့  မစုစုနွေး ကတော့ သေနတ် ဒဏ်ရာကြောင့် ထိခိုက်ခဲ့တဲ့ လယ်သမား အနည်းဆုံး ၈ ဦးကို မအူပင် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဗွီအိုအေ-မြန်မာပိုင်း ကို ပြောပါတယ်။

အဖြစ်အပျက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ချက်ခြင်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

၁၉၆၆ ခုနှစ်ကတည်းက ပုဂ္ဂလိက ကုမ္ပဏီတခုရဲ့ လုပ်ငန်းတွေအတွက် သိမ်းယူခဲ့တာဖြစ်ပြီး အခုအခါ ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေက ပြန်လည် ရရှိရေး တောင်းဆိုရင်း ဆန္ဒပြပွဲတွေ ဖြစ် ပွားခဲ့တာပါ။

လယ်မြေတွေ ပြန်လည် ရရှိရေး အစောပိုင်းမှာ ဆွေးနွေးမှု တချို့ ရှိခဲ့ပေမဲ့လည်း ပြေလည်မှုတော့ မရခဲ့တာကြောင့် ဆက်လက် ဆန္ဒပြခဲ့ကြတာလို့လည်း လယ်သမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက်က အကြောင်း အမျိုးမျိုးနဲ့ မြေယာတွေကို သိမ်းဆည်းမှုတွေ ရှိခဲ့တာဖြစ်ပြီး၊ မကြာသေးခင် နှစ်တွေကစလို့ အရပ်သား အစိုးရအဖြစ်နဲ့ ပေါ်ပေါက်လာချိန် မှာတော့ ဆုံးရှုံးခဲ့တာတွေ ပြန်လည် ရရှိရေး တောင်းဆိုမှုတွေလည်း ပေါ်ပေါက်လာနေ တာ ဖြစ်ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes