ရွှေတွံတေးဆရာတော် "မတရားမလုပ်နဲ့" တရားဟော


ကူမဲမြို့ နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ဘ/က ပညာရေး အထောက် အပံ့ လှူဒါန်းပွဲ ပေါင်းစု ဆင်ယင် အထူးဓမ္မ သဘင် ကျင်းပရာ ရွှေရောင်ထောက် ပရစ်ဗိမာန်တော်တွင် ကမ္ဘာ့ အရှေ့ အလယ်ပိုင်း အာရပ် ကမ္ဘာ့ပထမဆုံး သာသနာပြု ဆရာတော်လည်းဖြစ်၊  ၁၁ နိုင်ငံ သာသနာပြုဆရာတော်  ဖြစ်သော ရွှေတွံတေး ဆရာတော်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က တရားဟောကြားခဲ့ပါတယ်။ 

  
 ဓမ္မပူဇာ အလှူငွေများနှင့်ဖြည့်စွက်အလှူငွေများကို ရေတွင်းဖြူ -မြောင်းကြား - နောင်ဆိုင်း - မိုင်းမော - အုတ်နှဲဘုတ် - ခရုတုပ် -အရေးမဆို စသော ဘ/က ပညာရေးကျောင်း ၈ ကျောင်းသို့   လှူဒါန်း ခဲ့ပါတယ်။ 
ရွှေတွံတေးဆရာတော်က ..... 
“ ဘုရားကိုတကယ်ကြည်ညိုရင် ဘုရားရဲ့ စရိယ ၃ ပါးကိုကျင့်ပါ၊ ကိုယ် အရည်အချင်း ရှိအောင် သီလ သမာဓိ ပညာ ပြည့်စုံဖို့ကျင့် - ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား အကျိုးဖြည့်ကျင့် လူသား အားလုံး အကျိုးဖြည့် ကျင့်- အဆင့်ဆင့်ကျင့်ကြပါ ကိုယ်လည်း သီလလုံအောင်စောင့် မသတ်နဲ့  မနှိပ်ခက်နဲ့ မခိုးနဲ့ မလိမ်နဲ့  မတရားမလုပ်နဲ့ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကျုးလွန်နေရင်လည်းဝိုင်းတား ၀ိုင်းပြုပြင်ကြပါ၊ ရတနာ ၃ ပါး မစောင့်ရှောက်ကြရင် အမျိုး ဘာသာ သာသနာ နိုင်ငံပါပျောက်သွားမယ် ။ ဘ/က ပညာရေးဟာ သမိုင်း အစဉ်အဆက်ရှိခဲ့တာ တိုင်းပြည်ရဲ့ လိုအပ် ချက်အရဖြည့်ဆည်းပေါ်ပေါက် ရတာမို့ ဝိုင်းဝန်း ကူညီကြ ဖို့  စောင့်ရှောက်ကြဖို့  ပံ့ပိုးကြဖို့  အာဏာပိုင်ရော လူထုကိုပါ မေတ္တာရပ်ခံ ပါတယ်.’’ ........စသဖြင့်
ဟောကြားခဲ့ပါတယ်။ 










 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes