ငြိမ်းချမ်းရေး လူမှုရေးခြေလှမ်းများ



ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)

၂ဝ၁၃ ခုနှစ်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ်များအဖြစ် ပြည်တွင်း/ပရှိ လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်များဖြင့် (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးသွားနှစ်ဖြစ်ပေသည်။


အထက်မြန်မာပြည် မန္တလေးတိုင်းသို့ ၅.၁.၂ဝ၁၃ ရက်နေ့မှ ၈.၁.၂ဝ၁၃ ရက်နေ့အထိ၎င်း၊ တောင် ကြီးမြို့သို့ ၉.၁.၂ဝ၁၃ ရက်နေ့မှ ၁ဝ.၁.၂ဝ၁၃ ရက်နေ့အထိ၎င်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ၁၉.၁.၂ဝ၁၃ ရက်နေ့မှ ၂၈.၁.၂ဝ၁၃ ရက်နေ့အထိ လူမှုရေးဖိတ်ကြားချက်များအရ သွားရောက်၍ လူမှုရေး ဟောပြောပွဲများ ဟောပြောခဲ့သည်။ ၅.၂.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သားများသည် ဗြဟ္မစိုရ်နှလုံးသားဖြင့် ဒုတိယအကြိမ်အဖြစ် ညောင်ဦး၊ မန္တလေး၊ ပြည်မြို့များသို့ ခရီးနှင်ရန် ဖန်လာပြန်သည်။ ၄င်းခရီးစဉ်သည် ရေရှားပါးသည့် ကျေးရွာများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံစာများ ပေးပို့ထားသည့်အပေါ် ကွင်းဆင်း၍ လေ့လာမှုများအားတပါးတည်း လုပ်ဆောင်ရန်တာဝန်များနှင့် လူမှုရေး ဟောပြောပွဲခရီးစဉ် ပူးပေါင်း၍ ထွက်လာခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရွှေစင်စင်္ကြာ ခရီးသွားလုပ်ငန်းမှ ပရဟိတ လူမှုအကျိုးပြု ဇာတ်ကားရိုက်ကူးရန်အတွက် အလှူငွေလှူဒါန်းထားရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အဖြစ် ရိုက်ကူးနိုင်ရန်အတွက် ဇာတ်ညွန်းနှင့် ဒါရိုက်တာ နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှု ဆောင် ဖြစ်သူ ဦးမြတ်ဆွေ (ခ) မိုးခြိမ်းညံ သည် ဇာတ်လမ်းရေးဖွဲ့ရန် ခရီးစဉ်တွင်လိုက်ပါခဲ့သည်။


၅.၂.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ နေ့လည် (၁းဝဝ) နာရီ အချိန်တွင် ရောက်ရှိပြီး ခဏတာ အနားယူပြီးသည့်နောက် ညပိုင်းတွင် ညောင်ဦးသို့ ခရီးဆက်ခဲ့သည်။ ညောင်ဦးသို့ ၆.၂.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြပြီး ညောင်ဦးဒေသတစ်ဝိုက်ရှိ ရေရှား ပါးသည့် ကျေးရွာများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေတွင်းတူးဖော်ရန် အကူအညီတောင်းခံ ထားသည့် သဲပြင်တော၊ ကံကြီးကုန်း (တောင်/မြောက်)၊ ကက္ကိုကူတောင်၊ ဇီးအို၊ ကက္ကိုလ်တောင်ခွင် အစရှိသည့် ကျေးရွာများသို့၎င်း၊ ၇.၂.၂ဝ၁၃ ရက်နေ့တွင် အဖွဲ့(၁)သည် ကုန်းပေါ်နက်၊ စိုင်ကန်၊ ကဗြူး၊ ကူတော၊ မြောက်ကုန်း၊ ဆင်လူး၊ တောရွာ၊ ခွေးပြုတ် အစရှိသည့် ကျေးရွာများသို့၎င်း၊ အဖွဲ့(၂)သည် ရေတွင်းညောင်ပင်၊ ညောင်ကြီး၊ ကံစောင်း၊ ယမ်းဆမ်း၊ သပွတ်စု၊ မုန်တိုင် အစရှိသည့် ကျေးရွာများသို့၎င်း အသီးသီး ကွင်းဆင်းလေ့လာခဲ့ကြသည်။ ၉.၂.၂ဝ၁၃ ရက်နေ့ တောင်သာမြို့နယ်၊ ဇဂျမ်းအုပ်စု၊ “ကျောင်း အိုရွာလူမှုကူညီရေးအသင်း” သို့သွားရောက်ခဲ့ပြီး ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ခြင်း၊ ရသစ်ရွာ၊ “အေးသုခနာမှုကူညီမှုရေးအသင်း” စာကြည့်တိုက် အောင်မြင်ရေးအတွက် လမ်းညွှန်အကြံ ပြုခဲ့ကြပြီးနောက် ကဗျာဆရာကြီး ဦးတင်မိုး၏ ဇာတိရပ်ရွာရှိ ဆရာကြီး ဦးတင်မိုး ငယ်စဉ်ဘဝ ပညာ သင်ကြားခဲ့သော စာသင်ကျောင်းသို့ ဝင်ရောက်ကာ လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံနှုတ်ဆက် စကားပြောကြားကာ ဆရာကြီး ဦးတင်မိုး နေထိုင်ခဲ့သော နေအိမ်သို့ဝင်ရောက်၍ ဆရာကြီး၏ မိသားစု ဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းနောက် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ၁ဝ.၂.၂ဝ၁၃ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး တောင်စလင်းတိုက်သစ် ဆရာတော်ဦးတိက္ခ၏ ကျောင်းတိုက်တွင် ခဏတာနားနေပြီး “လောကပါလ နာရေးစုပေါင်းကူညီဆောင်ရွက်မှုအသင်း” နှင့် “ဗိသုကာ လူမှုကူညီရေး အသင်း” တို့နှင့်အတူ ဈာပနလမ်းကြောင်း (၂) ကြောင်းအား ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင် ကူညီပေးခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မေမြို့၊ ပြင်ဦးလွင်သို့ ခရီးဆက်ခဲ့ပြီး ၁၁.၂.၂ဝ၁၃ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ “သန္တိသုခ နာရေးကူညီမှုအသင်း” သို့ဝင်ရောက်၍ လေ့လာခြင်း၊ မန္တလေး၊ ပုသိမ်ကြီး မြို့နယ်၊ ကြာနီကန်၊ “ကျန်းမာသုခ လူမှုကူညီရေးအသင်း” ရုံးခန်းဖွင့်ပွဲနှင့် လူနာတင်ယာဉ် ပေးအပ်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ည (၇းဝဝ) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ “လောကပါလ နာမှုကူညီရေးအသင်း” စာပေဟောပြောပွဲ အခမ်းအနားသို့၎င်း၊ ၁၂. ၂.၂ဝ၁၃ ရက်နေ့တွင် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်၊ သီရိမင်္ဂလာသရက်တောကျောင်း တိုက်ရှိ “ရွှေကြေးစည် လူမှုကူညီရေးအသင်း” စာပေဟောပြောပွဲသို့၎င်း၊ ၁၃.၂.၂ဝ၁၃ ရက်နေ့တွင် မန္တလေး၊ ကံတက်ကုန်း၊ မစိုးရိမ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် “ဗိုလ်ချုပ်မွေးနေ့ သွေးလှူဒါန်းပွဲနှင့် တေးကဗျာ ရွတ်ဆိုပြိုင်ပွဲ” သို့တက်ရောက်၍ ဥက္ကဋ္ဌ ဦးကျော်သူမှ သွေးလှူဒါန်းခဲ့ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ချီတက်လမ်းလျှောက်ကြသော လူငယ်အဖွဲ့များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဒုတိယအကြိမ် အလှူငွေ သိန်း (၂ဝ) ကျပ်တိတိနှင့် အသင်း၏အမှတ်တံဆိပ်ပါ ဦးထုပ်အလုံး (၃ဝ) လှူဒါန်းခဲ့သည်။ (ပထ မအကြိမ်တွင် အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား ပဲခူးမြို့တွင် လှူဒါန်းခဲ့ပြီးဖြစ်သည်။) နေ့လည်ပိုင်း၌ ၄င်းကျောင်းတိုက်တွင် ကျောင်း သား/သူများတို့မှ ဗိုလ်ချုပ်မွေးနေ့ တေးကဗျာရွတ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့သည်။ ည (၇းဝဝ) နာရီအချိန်တွင် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင် ကွက်သစ် “နာမှုကူညီ ရေး(လူငယ်)အသင်း” (၂) နှစ်ပြည့် စာပေဟောပြောပွဲသို့၎င်း၊ ၁၄.၂.၂ဝ၁၃ ရက်နေ့ နံနက် (၆း၃ဝ) နာရီ အချိန်တွင် မဟာမြတ်မုနိဘုရားကြီးတွင် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ချီတက်လမ်း လျှောက်ကြသော အဖွဲ့များနှင့်အတူ အောင်မြေနင်း၍ မေတ္တာပို့သဆုတောင်း ခြင်း၊ ဂျိုးဖြူငှက်များလွှတ်ခြင်း တို့ပြုလုပ်ခဲ့သည်။ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်း ရပ်ကွက်နေ ဦးစိုးဝင်း + ဒေါ်ညလေးငယ်တို့၏ “(၁ဝ) နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်နှင့် ညလေးငယ် ပွဲထိုင် လက်ဝတ်ရတနာ၊ ပိုးထည်တိုက်၊ ပန်းကမ္ဘာ အလှနန်းတော် Shopping Centre” ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၅) သိန်းကျပ်၊ ဦးကျော်သူ၏ လူမှုရေးဟောပြောပွဲ ခရီးစရိတ်အဖြစ် အလှူငွေ (၅) သိန်းကျပ်တို့အား လှူဒါန်းပေးအပ်ခဲ့ရာ ယင်းလူမှုရေးဟောပြောပွဲ ခရီးစရိတ် အလှူငွေကျပ် (၅) သိန်းအား ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အခါ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ခရီးသွားအဖွဲ့သားများ၏ ဆန္ဒဖြင့် ပြန်လည်လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။ စစ်ကိုင်းမြို့မှ အပြန်လမ်းခရီးတွင် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ချီတက်လမ်းလျှောက် သည့် လူငယ်အများနှင့် ထပ်မံတွေ့ဆုံခဲ့ကြပြီး လက်ပြ နှုတ်ဆက် အားပေးခဲ့သည်။ သပြေသာကျေးရွာရှိ “ရွှေသပြေသာ လူမှုကူညီရေးအသင်း”သို့၎င်း၊ ည (၇း၃ဝ) နာရီအချိန်တွင် အလ္လကပ္ပကျေးရွာ “ကလျာဏ ကာရီ လူမှုကူညီရေးအသင်း” ၏ စာပေဟောပြောပွဲ သို့၎င်း၊ ၁၅.၂.၂ဝ၁၃ ရက်နေ့တွင် မန္တလေး၊ ချမ်းမြ သာစည်မြို့နယ်၊ “ချမ်းမြသီတာ လူမှုကူညီရေးအသင်း”၏ စာပေဟောပြောပွဲသို့၎င်း၊ ည (၉း၃ဝ) နာရီ အချိန်တွင် အမရပူရမြို့နယ်၊ ဆောက်တောဝရွာ “မိဘမေတ္တာ လူမှုကူညီရေးအသင်း”၏ စာပေဟောပြော ပွဲသို့၎င်း အသီးသီး တက်ရောက်ဟောပြောခဲ့ပြီး ပြည်မြို့သို့ ခရီးဆက်ခဲ့တော့သည်။

၁၆.၂.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့တွင်ကျင်းပပြုလုပ်သော “မဟာဇေကျုံပညာဒါစီမံကိန်း (၅) နှစ် ပြည့် အထိမ်းအမှတ်” စာပေဟောပြောပွဲသို့၎င်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) နှစ်တာ ပေးဆပ် လုပ်ဆောင်မှု မှတ်တမ်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခြင်း၊ သေခြင်းတရားသည် ကြီးငယ် ဟူ၍ မရှိ။ အဆိုတော် ဟယ်ရီလင်း၊ ဒါရိုက်တာကြီး ဦးတင်ယု၊ ဟာသ သရုပ်ဆောင် မော့(စ်) တို့သည်လည်း သေမင်း၏ ခေါ်ဆောင်မှုနောက်သို့ လိုက်ပါသွားခဲ့ကြသည်။ မည်သူမျှ ပြေးမလွန်နိုင်ကြောင်း၊ အနိစ္စတရား အား မမေ့မလျော့ကြရန်နှင့် လူသားချင်းစာနာစိတ်မွေးမှသာ ငြိမ်းချမ်းရေးကို ရမည်ဖြစ်ကြောင်း၊ ပရဟိတ အသင်းအဖွဲ့များ လူမှုရေးသမားများ အချင်းချင်းစည်းလုံးညီညွတ်ကြရန် အရေးကြီးကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဖ.ဆ.ပ.လ ညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည့် “ဗြဟ္မစိုရ်တရားကို အခြေပြုသော လူအများ ကောင်းစားရေးဝါဒ မပြန့်ပွား မစည်ကားသ၍ ကာလပတ်လုံး ကျွန်ုပ်တို့ ဤကမ္ဘာ မြေပေါ်မှာ အထွေထွေသော ကပ်ကြီးများ ဆိုက်ရောက်လျှက်ပင် ရှိပေလိမ့်မည်။” ဟူသည့် စကားရပ်၊ မိမိကိုယ့်ကို ကြည်ညိုနိုင်အောင် ကြိုးစားကြရန်နှင့် ပရဟိတ မျိုးဆက်သစ်လူငယ်များအား ကြိုဆိုနေရာ ပေးကြရန် ဟောပြောခဲ့သည်။

 
 
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသီးမှုတိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ဒုတိယအကြိမ်မြောက် ဗြဟ္မစိုရ်ဟောပြောပွဲခရီးစဉ်အား အစစ အရာရာ စီစဉ် ဆောင်ရွက် ကူညီပံ့ပိုးပေးခဲ့ကြသော ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူမှုရေးသမားများ၊ တက်ရောက် အားပေးခဲ့ကြသော ပြည်သူလူထုများ၊ ခရီးစဉ်အား အဆင်ပြေချောမောစွာ သွားလာနိုင်ရန်အတွက် ကူညီ ပေးခဲ့သော ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားလုပ်ငန်းနှင့် ကျေးဇူးတင်ထိုက်သူများတို့အားလုံးတို့အား ကျေးဇူးဥပါကာရတင်ရှိပါကြောင်း ဒုတိယအကြိမ်မြောက် ဟောပြောပွဲခရီးစဉ်အား အောင်မြင်စွာ အဆုံး သတ်ခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes