နိုင်ငံတော် သမ္မတရုံးက လစ်လပ်လျှက်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးအဖွဲ့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ တာဝန်ပေးလိုက်သော အဖွဲ့္ပအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် - အငြိမ်းစားညွှန်ကြားရေး မှူးချုပ် ဦးမြသိန်းက ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်ပြီး စုစုပေါင်း ၉ ဦးအဖွဲ့တွင် ပါဝင်သူများနှင့်ပတ်သက် ၍ အောက်ပါ အတိုင်း ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ တာဝန်ပေးလိုက်သော အဖွဲ့္ပအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် - အငြိမ်းစားညွှန်ကြားရေး မှူးချုပ် ဦးမြသိန်းက ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်ပြီး စုစုပေါင်း ၉ ဦးအဖွဲ့တွင် ပါဝင်သူများနှင့်ပတ်သက် ၍ အောက်ပါ အတိုင်း ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် ခုံရုံးအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့်အမှတ်၊ ၁၂ /၂၀၁၃ ၁၃၇၄ ခုနှစ် ၊ တပို့တွဲလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် ခုံရုံးအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၇ နှင့် ပုဒ်မ ၃၃၂ တို့ပါ ပြဌာန်း ချက်များအရ လစ်လပ်လျက်ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် ခုံရုံး အဖွဲ့ဝင်များ အဖြစ် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) ဦးမြသိန်း
(အငြိမ်းစားညွှန်ကြားရေးမှူးချုပ်)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်) ဥက္ကဌ
(၂) ဦးမြင့်ဝင်း အဖွဲ့ဝင်
(၃) ဦးသန်းကျော် အဖွဲ့ဝင်
(၄) ဒေါ်လှမျိုးနွယ် အဖွဲ့ဝင်
(၅) ဦးမြသိန်း
(တရားလွှတ်တော် ရှေ့နေ) အဖွဲ့ဝင်
(၆) ဦးမြင့်လွင် အဖွဲ့ဝင်
(၇) ဒေါ်တင်မြင့် အဖွဲ့ဝင်
(၈) ဒေါ်ကျင်စန်း အဖွဲ့ဝင်
(၉) ဦးမျိုးချစ် အဖွဲ့ဝင်
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်