ဖြူး ခေါင်းပြတ် လူသတ်မှု


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေး မော်တော်ကားလမ်းဟောင်း မိုင်တိုင် အမှတ်၁၃၉/ ၁ နှင့် ၁၉၃/ ၂ ကြားရှိ ဇဟားချောင်းတံတား ချောင်းအထက်ဘက် ကမ်းစပ်တွင် ဖေဖော်ဝါရီ ၁၄ ရက် ကအမျိုးသမီးအလောင်း တလောင်း တွေ့ရှိခဲ့သည်။ 



အလောင်းကို အဝတ်မပါသောခန္ဓာကိုယ်၊ ဦးခေါင်းမပါနှင့် လက်နှစ်ဖက်ကို ကြိုးတုပ်လျက်သား အနေ အထားဖြင့် ပီနံအိတ်အတွင်း ထည့်ထားကာ စွန့်ပစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ဦးခေါင်းကို ချောင်းနှင့် တမိုင် ခန့်ကွာဝေးသော ကားလမ်းဘေးဖက်တွင် အမျိုးသမီးဝတ်ထမီတထည်နှင့် အမျိုးသား ဝတ်ပုဆိုး အနီရောင်တထည်တို့ကိုပါ တွေ့၇ှိခဲ့သည်ဟု သိရသည်။ 

လူသတ်တရားခံကို ဖမ်ဆီးရမိရေးအတွက် မှုခင်းရဲတပ်ဖွဲ့ မှ အမှုအသွားအလာကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖြူးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ပြောသည်။ 

“ဖြူးမြို့နယ်ကရဲတပ်ဖွဲ့ကိုအားလုံးကို တာဝန်ပေးပြီးစစ်ဆေးနေတယ်၊ မှုခင်းရဲတပ်ဖွဲ့ကလည်း စစ်နေ တယ်။ သေဆုံးသူရဲ့ ဓါတ်ပုံကိုလည်း ဖြူးမြို့နယ်ရဲ့ နေရာအနှံ့အပြားမှာ ဖြန့်ထားတယ်၊ ဒါပေမဲ့ ပိုင်ရှင် မပေါ်သေးသလို ထူးခြားမှုလည်း မရှိသေးဘူး ”ဟု ၎င်းက ဆိုသည်။ 

လက်ရှိအချိန်ထိ သေဆုံးသူ အမျိုးသမီး၏ သက်ဆိုင်သူများကို မတွေ့ရှိရသေးဘဲ ၎င်း၏ သဲလွန်စ အနေဖြင့်လည်း လက်မောင်းတွင် ထိုးထားသည့် ဆေးမှင်ကြောင် တခုသာ ရှိကြောင်း သိရသည်။ 

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes