ဘုန်းကြီးနဲ့ ဝေးကြတဲ့ ဒကာတွေများ ၅ပါးသီလ မရွတ်နိုင်ကြ

IMG 5800

ဆိုင်ဟ နာမည်ဆွမ်းကြွတော့်လည်း ဘုန်းကြီးနဲ့ ဝေးကြတဲ့ ဒကာတွေများတာမို့ 
၅ပါးသီလလည်း မရွတ်နိုင်ကြတော့်ပါဘူး ရွှေတွံတေးဆရာတော်က အခြေခံတွေ
မမေ့ကြဖို့ ဘာသာ့သာသနာပျောက်ရင် လူမျိုးယဉ်ကျေးမူပါပျောက်သွားမယ်ဆိုတာ
သတိထားကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါတယ်

ရွှေတွံတေးဆရာတော် ဘန်ယိုင် မွေးနေ့ အလှူကြွ

IMG 5755

ဘန်ယိုင် မွေးနေ့ အလှူကြွတဲ့အခါ ကိုယ့်နိုင်ငံသားတွေ မသေချာတော့် လမ်းညွှန်
အလွဲလွဲအချော်ချော် ဖြစ်ရတာမို့ ရွှေတွံတေး ဆရာတော်ဟာ ကားလမ်းမှာထား
ဂုံးတံတားဖြတ်ပြီ မိနစ်30လောက်လျှောက်ကြွခဲ့ရပါတယ်
'' ဆရာတော်ကလမ်းလျှောက်လေ့ကျင့်ခန်းရတာပေါ့လို့ ဆိုရှာပါတယ်
ကိုယ့်နိုင်ငံသားတွေ နိုင်ငံတကာအဆင့်ရောက်ဖို့ တိကျသေချာကြဖို့ မှာကြားပါတယ်''

မြန်မာ့ရေးရာ သတင်းပဒေသာ ၃၁,၃,၂၀၁၃

 အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည် လာမည် click   

 
 မန္တလေးမှာ ဘာသာစုံ ငြိမ်းချမ်းရေးဆုတောင်း click

 police-zekon-305 
ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ click

Meikhtila-refugees-305 
ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး ဆွေးနွေးပွဲ click 


karen-affair-305.jpg 
 မြေမြှုပ်မိုင်း ရှင်းလင်းရေး အချိန်ယူရဦးမည်လို့ပြော click

ပြည်သူ့အကျိုးပြု ရင်းနှီးမြှုပ်နှံမှု click

 
ခေါင်းနဲ့ပန်းလိုယှဉ်တွဲနေတဲ့ဒီချုပ်ဥက္ကဋ္ဌနဲ့ခွပ်ဒေါင်းတံဆိပ်အဖွဲ့ချုပ်အလံဂျပန်ရောက် မြန်မာတွေနဲ တွေ့ဆုံပွဲမှာ စိုက်ထူခွင့်မရ..click
 Thegon Map
သဲကုန်းအခြေအနေ တင်းမာဆဲ click
တရားသူကြီးချုပ် (တတိယ-ဘယ်) Willy Mutunga နဲ့ ကင်ညာတရားရုံးချုပ် တရားသူကြီးများ။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။
ကင်ညာရွေးကောက်ပွဲရလဒ် တရားရုံးချုပ်အတည်ပြု click
ပဲရစ်မြို့တော် Eiffel မျှော်စင်အနီး ပြင်သစ်စစ်သားများ စောင့်ကြပ်နေစဉ်။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။
Eiffel မျှော်စင် ဗုံးလန့်မှုဖြစ် click

 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နိုင်ငံ အနောက်တောင်ပိုင်းက စစ်ရေးလေ့ကျင့်မှုတခုကို သွားရောက်ကြည့်ရှုစဉ်။ (မတ်လ ၁၄ ရက်၊ ၂၀၁၃)။  
 စစ်ဖြစ်နေပြီလို့ မြောက်ကိုရီးယားကြေညာ click

ရလလဖရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်


ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရ.လ.လ.ဖ)

မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်


၁။ မြန်မာ့တပ်မတော်သည် ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်ဂျပန်ကို တော်လှန်သည့်ဖြစ်စဉ်တွင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဖြင့် စတင် သန္ဓေတည် မွေးဖွားခဲ့ခြင်းကို ဂုဏ်ယူပါသည်။ 

၂။    သို့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစစ်ကို တိုက်ပွဲဆင်ခဲ့သည်မှာ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်သည့်အတွက် စိတ်မကောင်းမိပါ။

ထူးထူးခြားခြား မိုင်ဒါကွင်းမှာ ကျင်းပမယ့် ရန်ကုန် သင်္ကြန်


၂၀၁၃ ခုနှစ်ရဲ့ ရန်ကုန် အတာသင်္ကြန်ပွဲကိုတော့ ထူးထူးခြားခြား အစီအစဉ်တခု ရှိနေပါတယ်။ မိုင်ဒါကွင်း မှာ စုပေါင်းပုံစံနဲ့ မဟာသင်္ကြန် ပွဲတော်ကို ပထမဆုံး အနေနဲ့ ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 
တချိန်က ဗုံးပေါက်ကွဲပြီး နောက်တရက် သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

မိုင်ဒါကွင်း ရန်ကုန် အတာသင်္ကြန်ပွဲတော်ကို Forever Group က ဦးဆောင်ပြီး စီစဉ်တာလို့ သိရပြီး ထိုင်း အဲဝေးအပါ အ၀င် ထိုင်းလုပ်ငန်းရှင်တချို့၊ မြန်မာဘက်က လုပ်ငန်းရှင်တချို့ရဲ့ စပွန်ဆာတွေနဲ့ အခုလို ထူးထူးခြားခြား စီမံဖို့ဖြစ် လာတာလို့ Forever Group က တာဝန်ရှိသူတဦးက MRTV4 ကို ပြောပါတယ်။ 

သပိတ်စခန်းဖြိုခွင်းမှု ၄ လပြည့် အထိမ်းအမှတ် ရန်ကုန်မှာ ဆန္ဒပြ

lpt-4-anniversary-305.jpg


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တရားခံတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ နှစ်နာရီကြာပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒတွေကို စုပေါင်းဖော်ပြတာဖြစ်ပြီး လက်ပံတောင်းတောင် ဖြိုးခွင်းခံရမှု ၄ လပြည့်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မလုပ်ကြဖို့ အစိုးရကော်မရှင် တောင်းဆို

kachin-refugees-child-b305.jpg


လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ကချင်ပြည်နယ်အတွင်း  လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တပ်သားသစ် စုဆောင်းခြင်းတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကချင်ပဋိပက္ခနယ်မြေအတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတပ်တွေက ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ တပ်သားစုဆောင်းတာတွေနဲ့ ဆက်ကြေးကောက်ယူတာတွေ စုံစမ်းတွေ့ရှိတဲ့အပြင် တွေ့ရှိခဲ့ရတဲ့အတွက်  အခုလိုတောင်းဆို ရတာဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
ဒါ့အပြင် ကချင်စစ်ပြေး ဒုက္ခသည်တွေထံ  လူသားချင်းစာနာမှု အကူအညီတွေပေးရာမှာ အစိုးရထိန်းချုပ်နယ်မြေအတွင်းသာ ပို့ဆောင်နိုင်တာကြောင့် နယ်စပ်ဒေသက ဒုက္ခသည်တွေထံ အကူအညီတွေ လုံခြုံချောမွေ့စွာ ပို့ဆောင်နိုင်ဖို့အတွက်လည်း ဖြေရှင်းပေးဖို့ ကော်မရှင်က တိုက်တွန်းထားပါတယ်။
ဒုက္ခသည်တွေ နေရပ်ချောမွေ့စွာ ပြန်နိုင်ရေးအတွက် အဓိကမိုင်းရှင်းလင်းရေး ပြုလုပ်ဖို့လိုကြောင်း နဲ့ ဒေသခံတွေကို မိုင်းအသိပညာ ပေးသင့်ကြောင်းလည်း ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ကချင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ကရင်အဖွဲ့အစည်းတွေ နိုင်ငံရေး လုပ်ငန်းစဉ် စတင်ဆွေးနွေး

karen-affair-305.jpg


ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာ အစည်းအဝေးကို ဒီကနေ့မနက်က စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။
တိုင်းရင်းသားအားလုံး လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခမ်းအနားမှာ အခုလိုပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်

၂၀၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့သူ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး John Baird

၂၀၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့သူ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး John Baird
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်တယ် လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က သောကြာနေ့က ကြေညာလိုက်ပါတယ်။ဒီခန့်အပ်မှုဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကနေဒါနိုင်ငံက သံအမတ် ခန့်အပ်လိုက်တာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကနေဒါ သံရုံးဖွင့်လှစ်ဖို့ကို လည်း ဆောင်ရွက်နေပြီး ဘယ်တော့ သံရုံးဖွင့်မယ်ဆိုတာကို လာမဲ့လတွေ အတွင်းမှာ ကြေညာ သွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)
လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။  ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလာတာပါ။

အကြမ်းဖက်ရာ ပါဝင်ပတ်သက်မှု အစိုးရငြင်းဆန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ စတင်ပြီး တခြားမြို့တချို့ကိုပါ ပြန့်သွားခဲ့တဲ့  ဘာသာရေး ဆန်တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ အာဏာပိုင်တွေဘက်က ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရ ဘက်ကတော့ အဲဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကျွန်တော်တို့ကလူတွေပါဗျာ ..




 































ကျွန်တော်တို့ကလူတွေပါဗျာ ..တိရိစ္ဆာန်တွေတောင် ကမာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊ သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊ အာဃာတတွေဘယ်လောက်ထားထား၊ အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊ ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့မြင်ကွင်းလေးတွေကငြိမ်းချမ်းမှုကိုရစေတယ်လေ။ သူတို့ကတိရစ္ဆာန်တွေပါ။ အခု… ကျွန်တော်တို့ကလူတွေပါဗျာ။ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ် တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။ ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။ တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။ မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။ ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။ မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။ ကျွန်တော်တို့ကလူတွေပါဗျာ . . . . ။ ။ (ကျော်သူ)

မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး


မိထ္ထီလာအကြမ်းဖက်မှုအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်များကိုတွေ့ရစဉ်။မိထ္ထီလာအကြမ်းဖက်မှုအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်များကိုတွေ့ရစဉ်။
အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိထ္ထီလာမြို့နဲ့ ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေမှာ အခြေအနေတွေဟာ အနည်းငယ်ငြိမ်သက်သွားပြီလို့ ဆိုနိုင်ပေမဲ့ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်နေရဆဲ အနေအထားမှာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက် အရေးတကြီးလိုအပ်တဲ့အကူအညီတွေပေးနိုင်အောင်အတွက်လည်း  လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတွေက ကူညီဆောင်ရွက်ပေးနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက လုံခြုံရေးယူထားပြီး အခြေအနေဟာ တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့ အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေရဆဲပဲဖြစ်တယ်လို့ မိထ္ထိလာမြို့ခံတွေက ပြောပါတယ်။ ရပ်ကွက်မြို့ရွာတွေထဲမှာလည်း ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး လုံခြုံရေးအခြေအနေက ပုံမှန်အနေအထားအတိုင်းမဖြစ်ဘဲ စိုးရိမ်နေရဆဲပဲလို့ မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေး က ပြောပါတယ်။

ပဲခူးတိုင်း မင်းလှ၊ စစ်ကွင်းမြို့တွေမှာ ဗလီတွေ အဖျက်ဆီးခံရ

zekon-mosque-305.jpg


ရန်ကုန်မြို့နဲ့ မိုင်၁၀၀ ကျော်လောက်သာဝေးတဲ့ ရန်ကုန်-ပြည် ကားလမ်းတလျှောက်မှာရှိတဲ့ ပဲခူးတိုင်းမြို့နယ်အချို့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေနဲ့ နေအိမ်တွေကို  ဒီကနေ့မှာလည်း အကြမ်းဖက် ဖြိုဖျက်ခဲ့ကြ တယ်လို့ RFA က စုံစမ်းသိရပါတယ်။
မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့သတင်းပတ်တွေက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဲခူးတိုင်း အနောက်ခြမ်းဘက်ကမြို့တွေဆီ ကူးစက်လာကာ ဒီရက်ပိုင်းအတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ၊ နေအိမ်အဆောက်အဦးတွေကို ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြတာပါ။ မင်းလှမြို့နယ်ထဲမှာ  ဒီကနေ့မနက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တစ်ချို့နဲ့ ဗလီတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ မင်းလှမြို့ဒေသခံ ဦးကျော်မြင့်က RFA ကိုပြောပါတယ်။

အဓိကရုဏ်းတွေ ငြိမ်းချမ်းစေဖို့ ဘာသာပေါင်းစုံ ဆုတောင်း

meikhtila-refugee-305.jpg


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အဓိကရုဏ်းတွေ ငြိမ်းအေးစေဖို့ ရည်ရွယ်ချက်နဲ့  ဘာသာပေါင်းစုံက ဘာသာရေးခေါင်း ဆောင်တွေ စုပေါင်းပြီး  Pray For Myanmar ခေါင်းစဉ်နဲ့ တရားဟောဆုတောင်းပွဲတစ်ရပ်ကို ဒီကနေ့  ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီဆုတောင်းပွဲနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးအပါအ၀င်ဖြစ်တဲ့ Myanmamr Youth environment က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သမိုင်းတလျှောက်မှာ နေထိုင်လာခဲ့တာ သက်တမ်းကြာလှပါပြီ၊ ဓလေ့ထုံးတမ်းမတူညီတဲ့လူမျိုးတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတူနေထိုင်သွားကြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံရဲ့ စံနှုန်းတွေ နိုင်ငံသားတွေရဲ့ နိုင်ငံရေးရင့်ကျက်မှုတွေကို ထောက်ပြနိုင်တဲ့ စံညွှန်းတွေဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်၊ တိုင်းပြည်ပြောင်းလဲရေးမှာ အဟန့်အတား မဖြစ်စေဖို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ အခုလက်ရှိဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေ လူမျိုးရေး ပဋိပက္ခတွေ ရှဲကြဖို့အတွက် မျှော်လင့်ပါတယ်"
ဒီအစီအစဉ်ကို ဘာသာပေါင်းစုံက လူငယ်တွေ ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဘာသာဘက်က မင်းကွန်းတောရတိပိဋက ဆရာတော် ဦးကောဏိည၊ ခရစ်ယာန်ဘာသာက သိက္ခာတော်ရဆရာတော် ရယ်ဂျီနယ် ဘန်နတ်သ်၊ ဟိန္ဒူဘာသာမှ ဘာသာရေးခေါင်းဆောင် ဦးအောင်နိုင်နဲ့ အစ္စလာမ်ဘာသာက ဘာသာရေးခေါင်းဆောင် ဦးအေးလွင်တို့က တရားဟော ဆုတောင်းတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဘလော့ဂါ စာရေးဆရာနေဘုန်းလတ်အပါအ၀င် ဘာသာအသီးသီးက လူငယ်တွေကလည်း မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆန္ဒတွေထုတ်ဖော်ခဲ့ကြပါတယ်။
RFAမှ ကူးယူဖော်ပြသည်

ဆင်ခြင်တုံတရားနဲ့ အတူ လက်တွဲလုပ်နိုင်ဖို့ အရေးကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

dassk_phyu_305


နိုင်ငံ့အရေး လုပ်ဆောင်ကြရာမှာ ဆင်ခြင်တုံ တရားရှိဖို့နဲ့ အားလုံးနဲ့ လက်တွဲအလုပ်လုပ်နိုင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
ဖခင်ဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ မကွေးတိုင်း နတ်မောက်မြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် “အောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ်” ဖွင့်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့တက်ရောက်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။
"နိုင်ငံရေးလုပ်တယ်ဆိုတာ ဦးနှောက်ကိုလည်း သုံးရတယ်၊ ဆင်ခြင်တုံတရားလည်း ရှိရတယ်၊ နောက်ပြီးတော့လည်း ကျမတို့ဟာ အားလုံးနဲ့ လက်တွဲပြီးတော့လုပ်နိုင်တဲ့ အခြေအနေကိုလည်း ဦးတည်ရတယ်၊ ကျမတို့ကြားထဲမှာ စည်းလုံးညီညွှတ်မှုရှိမှ တိုးတက်နိုင်မှာပါ၊ စည်းလုံးညီညွှတ်မှုမရှိပဲနဲ့ မတိုးတက်နိုင်ပါဘူး၊ အဲတော့ ဒီနတ်မောက်မြို့သူ မြို့သားတွေကစပြီးတော့ ကျမတို့ရဲ့နိုင်ငံအတွက် စံပြပြည်သူပြည်သားတွေဖြစ်အောင်လို့ နေပေးစေချင်ပါတယ်"
ဒီလှူဒါန်းတဲ့ ကျောင်းဆောင်ကို သီတဂူဆရာတော် ဦးဥာဏိဿရ ကြီးမှူးပြီး ဘယ်လဂျီယံနိုင်ငံ အလှူရှင်အဖွဲ့တဖွဲ့က ငွေကျပ်သိန်း ၁၆၀၀ ကျော်မတည်လှူဒါန်းတာဖြစ်ပါတယ်။
ဒီဖွင့်ပွဲကို သီတဂူဆရာတော်ကြီးရဲ့ တပည့်ဒါယိကာတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ နတ်မောက်ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

လူမျိုးရေးတင်းမာမှုကြောင့် လူနေမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး


 မိထ္ထီလာမြို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားစဉ်။မိထ္ထီလာမြို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားစဉ်။
မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရပြီလို့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA က အကြီးတန်းအရာရှိတဦးက သတိပေးပြောဆိုလိုက်ပါတယ်။ 

ရွှေတွံတေးဆရာတော် ထောင်တွင်းအကြမ်းဖက်ခံရမှုသမိုင်း အခမ်းအနားတက်ရောက်


 














၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်တွင်း Anti
Labor တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၁. ၂. ၂၀၁၃ နေ့ တွင်ရန်ကုန်မြို
့တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ ရွှေတွံတေးဆရာတော်
တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ရွှေတွံတေးဆရာတော် ထိုင်းရေဘေးကယ်ဆယ်ရေး ၁ နှစ်ပြည့်ဓါတ်ပုံပြပွဲ

 ၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံရေကြီးစဉ်က ဒုက္ခရောက်ကြသော နိုင်ငံသား တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားကို ကယ်ဆယ်ရေးစခန်းဖွင့်ပြီး
ရွှေတွံတေးဆရာတော်က ကူညီစောင့်ရှောက်ပေးခဲ့သည့် ၁ နှစ်ပြည့်ဓါတ်ပုံပြပွဲကို မဟာချိုင် နှင်းတိကောရုံတွင် ၄. ၁၁. ၂၀၁၂ နေ့ လည်က
ကျင်းပခဲ့သည်။

ရွှေတွံတေးဆရာတော် ရခိုင်ဒုက္ခသည်များအတွက် အထူးတရားပွဲကျင်းပ

 
ဘင်္ဂလီမွတ်စလင်များကြောင့် အိုးအိမ်မဲ့ စားစရာမဲ့ ဖြစ်ကြရသော ရခိုင်တိုင်းရင်းသားများကို ကူညီထောက်ပံ့နိုင်ရေး အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများ စုပေါင်းပြီး ရွှေတွံတေးဆရာတော် အထူးတရားပွဲကို ‘စမွတ်စခွန် ခဲလိုင်ရပ် အောပေါသော’ ကစားကွင်းတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

ရွှေတွံတေးဆရာတော် ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့်ပွဲတက်ရောက်

ရန်ကုန် ဒဂုံမြို့ သစ် အရှေ့ ပိုင်း ၇ ရပ်ကွက် ဖျာပုံလမ်းရှိ မဟာသတိပဠာန်ကျောင်းတွင် ၁၈. ၉.၂၀၁၂ နေ့ က ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့်ပွဲသို့  ရွှေတွံတေးဆရာတော် တက်ရောက်ခဲ့သည်။
ရွှေတွံတေးဆရာတော်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အခုလိုညီညီညွတ်ညွတ် စုစုစည်းစည်း တွေ့ ရလို့ အားရှိတယ်၊နွေးထွေးမိပါတယ် အခုဓါတ်ပုံဆရာတွေ အများကြီးပဲ ကောင်းတယ် မှတ်တမ်းတင် မီဒီယာထည့် ပြည်သူလူထု အားလုံးအားရှိသွားအောင် ဒီရဟန်ရှင်တွေအများအတွက် အဆင်သင့်လုပ်နေကြတုန်းပဲလို့ သိသွားအောင်လုပ်ကြတာကောင်းတယ်။ 

ရွှေတွံတေးဆရာတော် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်

၂၀၁၃ ခုနှစ်ဇန္န၀ါရီလကုန်ပိုင်းတွင် ရွှေတွံတေးဆရာတော်သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့သွားရောက်ပြီး ကလေးငယ် များကို အာဟာရကျွေးမွေးပြီး အလှူငွေပေးအပ်ခဲ့သည်။
ဖျာပုံ ကျုံကူ ဘ/က ကျောင်း – ကဒုံကနိဘ/က ကျောင်းများတို့သွားရောက်လှူဒါန်းပြီး ကချင်ပူတာအို ဘ/ကကျောင်းတို့လဲ လှူဒါန်းခဲ့သည်။ ရန်ကုန် ကွမ်းခြံကုန်းဘ/က ကျောင်း  ဆင်ခြံ ဘ/က ကျောင်း – ၀ါးဘလောက်သောက် ဘ/က ကျောင်း မနောရမ္မ ဘ/က ကျောင်းများကိုလည်း လှူဒါန်းခဲ့ဘူးသည်။

ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်
နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့  သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားချက်တချို့နဲ့အတူ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက်ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ရွှေတွံတေးဆရာတော် ခက်ခက်ခဲခဲ ထလအော် ရှင်ပြုရဟန်းခံပွဲ

MG 5413 

 ရေခြားမြေခြား နိုင်ငံခြားမှာ ရုန်းကန်ရင်း ရှင်ပြုရဟန်းခံပွဲ
အလှူလုပ်ရတာ မလွယ်ပါဘူး တချို့ ကျောင်းက ဗမာဂိုဏ်း ရှမ်းဂိုဏ်း မတူလို့ 
လက်မခံဘူး တချို့ ကျောင်းကလက်ခံတယ် ရဟန်းမပြည့်ဘူး
၃ ကျောင်းပေါင်းမှ အဆင်ပြေတယ် ဒါကြောင့်ရွှေတွံတေးဆရာတော်က
တကယ်ကိုခက်ခက်ခဲခဲ ဒုလဘ သာသနာ့အမွေ့ ခံတဲ့ပွဲပါဘဲ ၀မ်းမြောက်ဝမ်းသာ
ဥာဏ်လည်းပါ စိတ်ပါလက်ပါ လှူကြပေတော့
အမြဲတွေးပြီး ၀မ်းမြောက်နေကြပေတော့ စသဖြင့်အနုမောဒနာပြုပြီး ရေစက်ချပေးပါတယ်

ရွှေတွံတေးဆရာတော် ကချင်ဒုက္ခသည်များထံသွားရောက်ကူညီ




ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် မြစ်ကြီးနားမြို့သို့ စက်တင်ဘာ ၁၄ မှ ၁၆ရက်အထိ ကြွရောက်Nပီး ကချင်ဒုက္ခသည်များထံ သွားရောက်ကူညီအားပေးခဲ့သည်။ ဒေသခံ တိုင်းရင်းသားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်တို့ က ကြိုဆိုပြီး ဒုက္ခသည်စခန်းသို့  ပို့ဆောင်ပေးခဲ့သည်။ ဝန်းသိုဘုန်းကြီးကျောင်းတွင် ၁၀၅ ဦး၊ ဝိုင်းမော်သာဂရကျောင်းတွင် ၄၂၀ဦး၊ ခတ်ချိုကျောင်းတွင် ၅၆၀ ဦး၊ တပ်ကုန်းတွယ်ဆန် coc စခန်းတွင် ရဝမ် ၁၃၀ ဦး၊ တပ်ကုန်း ဧမာနွေလ အသင်းတော်တွင် ၄၄ ဦးနှင့် မိုင်းနား AG စခန်းတွင် ခူမျိုးစုံ ၁၉၄ ဦးတို့အား သွားရောက်အားပေးခဲ့သည်။ ဆရာတော်က တီရှပ် များလက်ဆောင်ပေးပြီး နို့ စို့ ကလေးအမေ ၁ဦးလျှင် ၃၀၀၀ ကျပ်၊ လူကြီး ၁ ဦးလျှင် ၂၀၀၀ ကျပ်စီ – ကလေး ၁ ဦးလျှင် ၁၀၀၀ ကျပ်စီနှင့် ရေစစ်အိုး ၁ လုံးစီ ပေးအပ်ခဲ့သည်။

ဒုက္ခရောက်နေသူအားလုံး ကိုယ့်အိမ် ကိုယ့်ရွာ ကိုယ့်ဒေသကိုပြန်ပြီး လွတ်လွတ်လပ်လပ် နေထိုင် စားသောက်ရအောင် အမြန်ဆုံးဖြစ်ဖို့  စခန်းမှာ စုပေါင်းနေထိုင်စဉ် ကျန်းမာရေး ဂရုစိုက်ဖို့ အားပေးမှာကြားခဲ့သည်။
(မှတ်တမ်း-ဓတ်ပုံများ )









တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ


တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်းတဲ့ ငလျင်တခု လှုပ်သွားတာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
 ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေးဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။ ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၀ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပြီး ငလျင်လှုပ်တာကို တကျွန်းလုံးမှာ ခံစားလိုက်ကြရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်ပေမြို့တော်မှာ အဆောက်အဦးတွေ ယိမ်းယိုင်လှုပ်ခါသွားပြီး အပျက်အစီးကို တိုင်းတာ စစ်ဆေးဖို့အတွက် မြန်နှုန်းမြင့် ရထားလိုင်းတချို့ကို ရပ်ဆိုင်းထား လိုက်ပါတယ်။ Nantou အရပ်က ငလျင်ဗဟိုချက်နားမှာ အစိုးရရုံးတရုံးက နံရံတပိုင်း ပြိုကျတာကြောင့် အလုပ်သမားတဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

voaမှ ကူးယူဖော်ပြသည်

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်


ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီးယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ မြေလတ်တလွှား ဆက်ဖြစ်



အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ပြီး လူအသေအပျောက်ရှိခဲ့တဲ့ မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြီး ထိန်းသိမ်းနေချိန်မှာပဲ မတည်မငြိမ် အခြေအနေတွေဟာ ရန်ကုန်၊
နေပြည်တော်တို့နဲ့ သိပ်မဝေးလှတဲ့ ဒေသတွေဆီမှာ ပျံ့နှံ့ ဖြစ် ပွားနေပါတယ်။ အထူးသဖြင့်တော့ ရန်ကုန်မြို့နဲ့ မိုင် ၅၀ လောက်ပဲဝေးတဲ့ ပဲခူးမြို့ အနောက်ဘက်ခြမ်းက ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှ မြို့နယ်တွေမှာ ဗလီဝတ်ပြုကျောင်းတွေကို မီးရှို့ဖျက်ဆီး တာ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးလာကြတာတွေ ကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။

မလက်တိုအရေး အကျိုးဆောင်တဲ့ ရွှေညဝါ ဆရာတော်ကို ဧရာဝတီတိုင်းအစိုးရ ဂုဏ်ပြု

police_maubin_305.jpg


ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စု ပလောင်ရွာမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက လယ်သမားနဲ့  ရဲတပ်ဖွဲ့ဝင်တွေဖြစ်ခဲ့တဲ့ အရေးအခင်းနဲ့ပတ်သက်လို့  ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟကို ဧရာဝတီတိုင်းအစိုးရက ဂုဏ်ပြုလိုက်ပါတယ်။
ဆရာတော်ရဲ့ညှိနှိုင်းမှုအရ ဒေသခံလယ်သမားတွေကို လယ်တချို့ပြန်ပေးမှာဖြစ်သလို အင်းတွေမှာ ငါးဖမ်းခွင့်ရအောင် ဆောင်ရွက်ပေးမယ်လို့လည်း အာဏာပိုင်တွေက သဘောတူထားတယ်လို့  လယ်သမားတွေနဲ့ မနေ့ကတွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဥာဏ်လင်းက RFA ကို ပြောပါတယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ ပလောင်ရွာက လယ်သမားတွေနဲ့  မနေ့နေ့လည်ကတွေ့ဆုံပြီး လယ်သမားတွေရဲ့အခြေအနေကို ဆွေးနွေးဟောပြောခဲ့ပါတယ်။
အဲဒီဟောပြောပွဲမှာ ကိုမင်းကိုနိုင်က လယ်သမားတွေအနေနဲ့ ကိုယ့်ရပိုင်ခွင့်အတွက် ရဲရဲတောင်းဆိုရမှာဖြစ်ပေမယ့် ပဋိပက္ခတွေအတွက် ဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတဲ့နည်းကို ရွေးချယ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ရှေ့ရေး HRW ပူပန်


ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရတဲ့ ရိုဟင်ဂျာ ခေါ် မူဆလင် လူနည်းစုတွေကို ပြန်လည်
နေရာချထားရေးအတွက် လုပ်ဆောင်စရာ ရှိတာတွေကို မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ဘာသာရေးအရ ရေရှည်ကွဲပြားမယ့် အန္တရာယ် ကျရောက်မယ့် အခြေအနေ ရှိနေတယ် လို့ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။
လက်တလော မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးစိတ်တွေ ပျံ့နှံ့နေတဲ့အပေါ်မှာ အထူး စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes