ထိုင်းနိုင်ငံ ခရီးစဉ်ရောက်ရှိနေသော၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ သည် မဟာချိုင်သို့ လာရောက် လေ့လာစဉ်ရွှေတွံတေးဆရာတော်ထံသွားရောက်ပြီး
သင်္ကန်း ၈၈စုံ ဆက်ကပ် လှူဒါန်းခဲ့သည်
ရွှေတွံတေးဆရာတော်က ထိုင်းနိုင်ငံရှိကိုယ့်နိုင်ငံသား
တိုင်းရင်းသားများ ဘ၀အခြေအနေနှင့် ပြင်ပထောက်ပံ့မှုများမရှိဘဲ
ကိုယ်ပိုင်ရပ်တည်နေရသော ကလေးများ စာသင်ကျောင်း ၃ ကျောင်း
၏ ပကတိအခြေအနေ တို့ ကိုအကျဉ်းပြောပြခဲ့သည်။
ရွှေတွံတေးဆရာတော်က............ ရေခြားမြေခြားလာပြီး
ရုန်းကန်ရင်းနဲ့ ရဟန်းခံကြရတာ စရိတ်ကြီးတယ် တချို့ဆို ရဟန်းလောင်း ၁
ပါးကို ဘတ် ၄၀၀၀ မှ ၈၀၀၀ လောက်အထိကုန်ကျတယ် ဘုန်ကြီးက သက်သာအောင်လို့ -
သာသနာ့ဘောင်ဝင်ပြီး သာသနာပြုဖြစ်အောင်လို့ - ၁ပါးကို ၂၅၀၀ ဘတ်လောက်နဲ့စီစဉ်ပေးတယ် အဲဒါမတတ်နိုင်ရင်တောင် မဟာချိုင်
မိသားစုတွေနဲ့ ရန်ကုန်ကဒကာတွေလှူဒါန်းမှုနဲ့ ရဟန်းပြုပေးသေးတယ် ၁
ကြိမ်ကို ဒုလ္လဘ ၁၀၀ လောက်ဝတ်ကြတယ် အခုလည်း ၈၈
မျိုးဆက်ကျောင်းသားတွေလှူဒါန်း
အလှူရဟန်းခံရှင်ပြုပေးသွားမှာပါ