ရွှေတွံတေးဆရာတော် ရခိုင်ဒုက္ခသည်များအတွက် အထူးတရားပွဲကျင်းပ

 
ဘင်္ဂလီမွတ်စလင်များကြောင့် အိုးအိမ်မဲ့ စားစရာမဲ့ ဖြစ်ကြရသော ရခိုင်တိုင်းရင်းသားများကို ကူညီထောက်ပံ့နိုင်ရေး အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများ စုပေါင်းပြီး ရွှေတွံတေးဆရာတော် အထူးတရားပွဲကို ‘စမွတ်စခွန် ခဲလိုင်ရပ် အောပေါသော’ ကစားကွင်းတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

 ဓမ္မပူဇာ အလှူငွေ ဘတ် ၃ သောင်းကျော်ကို Raksthai နှင့် ရခိုင်ကျောင်းသား ရဟန်းတော်များမှ တဆင့် အကျိုးဆောင်များက လှူဒါန်းပေးပို့မည်ဖြစ်ပြီး ဘတ် ၂ သောင်းကျော်ကို ရွှေတွံတေးဆရာတော် ကိုယ်တိုင် သွားရောက်လှူဒါန်းပါမည်။ ရွှေတွံတေးဆရာတော်က တိုင်းရင်းသားများအားလုံး ဘာသာစုံ လူမျိုးစုံ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြဖို့၊ အစွန်းရောက် အကြမ်းဖက်သမားများကို ညီညီညွတ်ညွတ် စုပေါင်းရင်ဆိုင်ကြဖို့၊ အာဏာပိုင် အကြီးအကဲများလည်း မှန်မှန်ကန်ကန် သစ္စာရှိရှိ တိုင်းပြည်နှင့် လူမျိုးကို စောင့်ရှောက်ပေးဖို့ ကိုယ်ကျိုးအတွက် မဖောက်ပြန်ကြဖို့၊ နိုင်ငံတာကာမှာ လူ့အခွင့်အရေးကို ဗန်းပြနေသူများလည်း လူ့အခွင့်အရေးလိုချင်ရင် လူ့စည်းကမ်းကို လေးစားကြဖို့ စသဖြင့် မိန့်ကြားခဲ့သည်။ ယခုလည်း တတ်နိုင်သလောက် ပံ့ပိုးခြင်းသာဖြစ်ပြီး စိတ်ဓတ်အင်အားရှိစေဖို့ တသားတည်းရှိနေကြကြောင်း အဓိကပြသ ကြိုးစားခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes