ရွှေတွံတေးဆရာတော် မြစ်ဆုံတစ်နှစ်ပြည်ပွဲ တက်ရောက်ဟောပြော မေတ္တာရပ်ခံ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် စက်တင်ဘာလ ၁၅ ရက်ကကျင်းပသော မြစ်ဆုံစီမံကိန်းတစ်နှစ်ပြည့် အခမ်းအနားသို့ရွှေတွံတေးဆရာတော် အရှင်ဝါယမ တက်ရောက်ပြီး ဟောပြော မေတ္တာရပ်ခံခဲ့သည်။ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အသက်ဖြစ်တဲ့အတွက် ဧရာဝတီသေရင် နိုင်ငံသေလိမ့်မည်ဒါကြောင့် ဧရာဝတီကို မသတ်ပါနဲ့ - ကချင်တွေကို မသတ်ပါနဲ့ဧရာဝတီကို ရှင်သန်ခွင့်ပေးပါ၊ စီးဆင်းခွင့်ပေးပါ -တားဆီးပိတ်ကာနေသူတွေ ကိုယ့်အိမ်ကိုယ်ပြန်ကြပါတော့ငြိမ်းချမ်းချင်ရင် ၂ ဘက်လုံး ယုံကြည်မှုရှိရမယ် - ယုံကြည်ဖို့သံသယဖျောက်ရမယ် သံသယကင်းဖို့ပွင့်လင်းမြင်သာမှုရှိရမယ်၊ ပွင့်လင်းမြင်သာအောင် ရိုးသားကြရမယ်။ဒါကြောင့် အုပ်ချုပ်သူအကြီးအကဲတွေရောပြည်သူတွေပါ အရင်းခံရိုးသားကြပါ - ၀ှက်ဖဲနဲ့ မကစားကြပါနဲ့  .....စသည်ဖြင့် ဟောပြောမေတ္တာရပ်ခံခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes