မုဒုံဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ်မထေရ်သံဃာဘိသေက ပူဇော်ပွဲကျင်းပမည်



ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ဥာဏ်တော် အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ် မထေရ်ရုပ်ပွါးတော်

  မုဒုံမြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ထောင်တော်မူသော ၀င်းစိန် ဆရာတော်ဘုရားကြီးသည် နာဂစ်မုန်တိုင်းမတိုင်မီ ကာလကပင် မြန်မာနိုင်ငံအတွင်း မိုးကြီး လေကြီး ကျရောက်မည်ဖြစ်ပြီး လူအသေအပျောက်များမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီး ယင်းအန္တရာယ်များကို ကာကွယ်ရန် (၂၈) ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွါးတော်မြတ်များနှင့် ရှင်ဥပဂုတ်မထေရ်ရုပ်ပွါးတော်တို့ကို ကိုးကွယ်ဆည်းကပ်ကြရန် မိန့်မှာတော်မူခဲ့သည်။



ယင်းမိန့်မှာချက်အတိုင်း တပည့်ဒါယကာများဖြစ်သော မော်လမြိုင်မြို့နေ ဦးကြင်စိန်+ဒေါ်ရှုဝေ မိသားစုမှ ကျပ်သိန်း (၁၀၀) နှင့် သံဖြူဇရပ်မြို့နေ ဦးမြင့်ဦး မိသားစုတို့က ကျပ်သိန်း (၇၀) မတည်၍ အများဒါယကာများ၏ လှူဒါန်းငွေများဖြင့် ဥာဏ်တော်အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ်မထေရ်မြတ်၏ ပုံတူရုပ်ပွါးတော်တစ်ဆူကို ၀င်းစိန်တောရဘုရားကျောင်းဝင်းအတွင်း အောင်လင်းစေတီတော်၏ခြေရင်း၊ မဏိသြဂတောင်တက်လမ်းဝ တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။
           ယခုအခါ အဆိုပါရှင်ဥပဂုတ်မထေရ်မြတ်၏ သံဃာဘိသေက ပူဇော်ပွဲကို 1374 ခုနှစ် တပေါင်းလဆန်း (၁၃) ရက်၊ (၂၄-၃-၂၀၁၃) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၇း၃၀) နာရီအချိန် တွင် ရုပ်ပွါးတော်မြတ်အနီးတွင် ကျင်းပမည် ဖြစ်ကြောင်းနှင့် တပည့်ဒါယကာ/ဒါယိကာမများ မည်သူမဆို ကုသိုလ်တော်ယူ လာရောက်ပူဇော်နိုင်ပါကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီမှ သိရှိရသည်။


(ရှင်ဥပဂုတ္တမထေရ်မြတ်)            ရှင်ဥပဂုတ် မထေရ်မြတ်သည် ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အရ မောရ်နတ်မင်းကို အောင်နိုင်သော တစ်ပါးတည်းသော ရဟန္တာမြတ်ဖြစ်ပြီး  သီရိဓမ္မာသောကမင်းကြီး၏ စေတီပုထိုး (၈၄၀၀၀) ပူဇော်ပွဲကို လာရောက်ဖျက်ဆီးသော မာရ်နတ်မင်း၏ရန်မှ ရှင်ဥပဂုတ်မထေရ်မြတ်က တားဆီးကာကွယ်ပေးတော် မူခဲ့သည်။  ရှင်ဥပဂုတ်မထေရ်မြတ်သည် တောင်သမုဒ္ဒရာပင်လယ်ပြင်အတွင်း ကြေးပြဿဒ်စံနန်းပေါ်တွင် သီတင်းသုံးလျှက်ရှိပြီး ရေလုပ်သားများသည် ရဟန္တာမြတ်အား ပင့်ဆောင်ပူဇော်လေ့ရှိကြကြောင်း ဗဟုသုတ အလို့ငှါဖော်ပြအပ်ပါသည်။)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes