ရန်ကုန် ဒဂုံမြို့ သစ် အရှေ့ ပိုင်း ၇ ရပ်ကွက် ဖျာပုံလမ်းရှိ
မဟာသတိပဠာန်ကျောင်းတွင် ၁၈. ၉.၂၀၁၂ နေ့ က ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး ၅
နှစ်ပြည့်ပွဲသို့  ရွှေတွံတေးဆရာတော် တက်ရောက်ခဲ့သည်။
ရွှေတွံတေးဆရာတော်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အခုလိုညီညီညွတ်ညွတ် စုစုစည်းစည်း တွေ့ ရလို့ အားရှိတယ်၊နွေးထွေးမိပါတယ် အခုဓါတ်ပုံဆရာတွေ အများကြီးပဲ ကောင်းတယ် မှတ်တမ်းတင် မီဒီယာထည့် ပြည်သူလူထု အားလုံးအားရှိသွားအောင် ဒီရဟန်ရှင်တွေအများအတွက် အဆင်သင့်လုပ်နေကြတုန်းပဲလို့ သိသွားအောင်လုပ်ကြတာကောင်းတယ်။

အဲဒီအထဲမှာ
သက်ဆိုင်ရာ အာဏာပိုင်ဘက်ကလည်း မှတ်တမ်းယူနေလို
့တချို့လူတွေစိတ်အနှောက်အယှက်ဖြစ်နေကြတယ်။ ဘာရည်ရွယ်ချက်လဲမသိရဘူး။
ဖြစ်သင့်တာကိုတော့ လမ်းကြောင်းပေးလိုက်ပါမယ်။ မှတ်တမ်းရိုက်ပါ – ယူပါ ၁
ဦးချင်းလည်းရတယ်။ အကြီးအကဲတွေဆီပို့ လိုက် မှတ်ချက်တော့ရေးပါ။
ဒီရဟန်းတော်တွေ ဒီလူတွေဟာ အများအကျိုးအတွက် အမှန်တရားအတွက် အနစ်နာခံဖို
့အမြဲတမ်း အဆင်သင့်ရှိသူတွေ ကြိုက်ရာသူကို လက်တို့ လိုက် အတူပူးပေါင်းပြီး
အကျိုးပြုပေးရုံပဲ ပြသာနာတွေမဖြစ်ပါစေနဲ့လို့ တိုက်တွန်းပါတယ်
စသဖြင့်ဟောပြောခဲ့သည်။