
၂၄. ၃. ၂၀၁၃ နေ့ ကမဟာချိုင် ခေါင်မညတွင်ရှိနေသော အသက် ၇၈ နှစ်
မယ်တော်ကြီး အဖွားထံ ရွှေတွံတေးဆရာတော်နှင့်ဒကာဒကာမများကြွရောက်အားပေးခဲ့သည်။အဖွားသည် ထိုင်းနိုင်ငံသို့ လာရောက် ရုန်းကန်ရင်း အသက် ၇၈နှစ်တိုင်ခဲ့သော်လည်း ဇာတိမြေသို့ပြန်ရန်ပြည့်စုံလုံခြုံခြင်းမရှိသည့်အတွက် စီးမျောရပ်တည်နေရဆဲဖြစ်သည်။သက်ကြီးရွေှ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံတော်ကအလေးထားစီစဉ်ဆောင်ရွက်ပေးဖို့ အထူးလိုအပ်နေသည်။အဖွားသည် မတော်တဆထိခိုက်ဒဏ်ရာရပြီး ဦးခေါင်းခွဲစိတ်ခံလိုက်ရသဖြင့်ဆေးဝါးကုသဖို့ ရာ အဆင်မပြေဖြစ်ခဲ့သည်။ စေတနာရှင်တချို့ တာဝန်ယူသူတချို့နှင့်စီစဉ်ပေးခဲ့ရသည်။ယခုဆေးရုံဆင်းပြီး ဆက်လက်ကုသရေးနှင့် နေထိုင်ရေးကိစတို့ အတွက်လိုအပ်လျက်ရှိသည်။
" ရွှေတွံတေးဆရာတော်က.....” ထိုင်းနိုင်ငံမှာအဖွားလိုသက်ကြီးေ့ရွှေပြောင်းအလုပ်သမားတွေရှိနေကြတယ်.ဘ၀နေ၀င်ချိန်အတွက်မရေမရာဖြစ်နေကြတယ် အရွယ်လွန်နေတော့ ထိုင်းမှာနေဖို့ လည်းခက် ကျန်းမာရေးအာမခံ လုပ်ဖို့ လဲခက် နေရပ်ပြန်ဖို့လည်း အဆင်မပြေဖြစ်နေကြတယ် ကိုယ့်နိုင်ငံထဲမှာပဲပြန်ပြီးငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင်စီစဉ်ပေးရမှာပါနိုင်ငံတော်ကအထူးအစီစဉ်နဲ့ လုပ်ပေးရင်ပိုကောင်းမယ် ဘုန်းကြီးတို့ ကတော့တတ်နိုင်သလောက် စီစဉ်ဆောင်ရွက်ပေးမှာပါ သူတို့ ဖြစ်ချင်တာနဲ့ကိုယ်စီစဉ်ပေးနိုင်မှုကို ညိုနှိုင်းဆောင်ရွက်ပေးရမှာပဲ...”စသဖြင့်မိန့်ကြားခဲ့သည်။"
အသက် ၇၀ ကျော် သက်ကြီးရွေှ့ပြောင်းအလုပ်သမားများကိုဆက်သွယ်ဆောင်ရွက်ပေးကြဖို့ လည်း တိုက်တွန်းပါတယ်ဖုန်း ၀၈၇ ၇၉၂၆ ၁၁၃ ကိုလည်းဆက်သွယ်နိုင်ပါတယ်။

