နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (ဃ) (D-Form) စနစ်ကို မနက်ဖြန်က စတင်ပြီး ဖျက်လိုက်ပါတော့မယ် တဲ့။
အခုလို နိုင်ငံခြားထွက်ခွာကြမယ့် သူတိုင်း ၀န်ပို၊ အချိန်ကုန်၊ လူပင်ပန်းပြီး ၀န်ထုတ်ဝန်ပိုးတခုလိုဖြစ်နေတဲ့ D -Form စနစ်ကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို ကိုးကားပြီး ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
D-Form လျှောက်လွှာတင်ခဲ့ရတာဟာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ပြီး ပြည်ပထွက်ခွာမယ့်သူတိုင်း မဖြစ်မနေ လုပ်ဆောင်ခဲ့ရတာပါ။
၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စနစ်တခုဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့ ကြေးမုံသတင်းစာ ဖြတ်ပိုင်း