

















ရွှေတွံတေးဆရာတော်နှင့်မဟာချိုင်မိသားစုတို့ ကြီးမှုးကျင်းပသော မဟာချိုင် မဟာသင်္ကြန် ၁၂ ကြိမ်းမြောက် ၀ိပသ၁နာတရားစခန်းပွဲကို ၂၀၁၃ ဧပြီလ ၁၃ ရက်မှ ၂၁ ရက်နေ့ ထိကျင်းပပြုလုပ်ရာ နိုင်ငံသားတိုင်းရင်းသား ၂၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
ဒုလဘ ၁၃၆ ပါး သီလရှင် ၄၀ ပါးနှင့် ယောဂီ ၅၀၀ ကျော် စုပေါင်းသာသနာပြုကုသိုလ်ပွဲ ကျင်းပခဲ့ကြသည်။ ထိုင်းနိုင်ငံ မဟာချိုင်တွင် ရွှေတွံတေးဆရာတော်သာသနာပြုရင်း ရှင်ပြု ရဟန်းခံ ဒုလဘ ၁၀၀၀ ကျော် သီလရှင် ၄၀၀ ကျော် သာသနာ့အမွေခံခဲ့ကြပြီး ယောဂီ ၅၀၀၀ ကျော်ဝိပသ၁နာအားထုတ်ခဲ့ကြသည်။ ရွှေတွံတေးဆရာတော်က ...... ” သူများနိုင်ငံမှာခက်ခက်ခဲခဲ သာသနာပြုတာတောင် ဒီလောက်သဒါတရားအားကောင်းကြတာဆိုတော့ ကိုယ့်နိုင်ငံမှာလည်း စစ်စစ်မှန်မှန် သာသနာကိုထောက်ပံ့ကြတဲ့ အကြီးအကဲနဲ့ ပြည်သူတွေသာရှိကြရင် အရမ်းကျေနပ် စရာကောင်းအောင် သာသနာထွန်းကားမှာပဲလို့ ....” မိန့် ကြားခဲ့သည်။

















































