ရန်ကုန်တိုင်း ဒဂုံအရှေ့မြို့ နယ်
မေတ္တာပါရမီစာဖတ်ခန်းတွင် ၁၅. ၁. ၂၀၁၃ နေလည် ၁နာရီက ရွှေတွံတေးဆရာတော်၏
”ပညာမျက်စိ ဖွင့်ကြည်ခြင်း” ဟောပြောပွဲကိုကျင်းပခဲ့သည်။
မေတ္တာပါရမီ စာဖတ်ခန်းမှအဖွဲ့ ဝင်များ - ကွန်ပျူတာ သင်တန်းသားများ -
ရောင်နီသစ် ပရဟိတ၀ါဒီများ - ဒဂုံမေတ္တာ အဖွဲ့ များ - အမေ့အိမ်
ပညာဒါနကျောင်းသူကျောင်းသားများ နှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်။
ရွှေတွံတေးဆရာတော်က ........ တိုင်းပြည်ကို စစ်စစ်မှန်မှန်တိုးတက်အောင်
တကယ်ပြောင်းလဲခြင်ရင် ပညာမျက်စိဖွင့်ထားကြပါ - အစိုးရရော
အတိုက်အခံအင်းအားစုရော - ပြည်သူလူထုရော ပညာမျက်စီဖွင့်ထားကြပါ
အာဏာပိုင်တွေ ခေါင်းဆောင်တွေ ဆိုတာကလူနည်းစု ပြည်သူလူထုက
အများစုဖြစ်တဲ့အတွက် ပြည်သူလူထုက အရေးကြီးတယ် ပညာမျက်စိ ပိုဖွင့်ရမယ်
ဒါမှတိုင်းပြည်ကို တကယ်ကောင်းအောင်ပြောင်းပစ်နိုင်မယ်
ဟန့် တားနှောက်ယှက် ဖျက်ဆီးမှုတွေကိုလဲ ကာကွယ်တာဆီးနိုင်မယ်
အားလုံးညီညီညွတ်ညွတ် ကြိုးစာကြပါ အမြင်အကြား ဗဟုသုတ ပညာမျက်စီဖွင့်
ပြီးရင်တွေးခေါ်စဉ်းစား ဦးနှောက်ပညာမျက်စိဖွင့် ပြီးရင်ကိုယ်ကျိုးစွန်
့ပြီးအများအကျိုးပြုတဲ့ လက်တွေပညာ မျက်စိဖွင့်ကြပါ အဲဒါသုတ စိန္တာ ဘာဝနာ
ပညာတွေဘဲ တတိုင်းပြည်လုံးတမျိုးသားလုံး မင်္ဂလာရှိအောင် ကြိုစားကြပါ
စိတ်ဓာတ်တွေ အောက်တန်းမကျအောင် မယုတ်မာအောင် မဆိုးဝါးအောင် ပြောင်းပစ်ကြ
ပြုပြင်ပေးကြပါ
စသည်ဖြင့် ..............ဟောကြားခဲ့သည်။
ထိုနောက် ချို့တဲ့ကိုယ်ဝန်ဆောင် မိခင်များ
မွှေးဖွားရေး ကူညီစောင့်ရှောက်နေသော ရောင်နီသစ် ပရဟိတ၀ါဒီအဖွဲ့ -
အခမဲ့ပညာဒါနပြုနေသော အမေ့အိမ်အဖွဲ့ချုပ် --မေတ္တာဖြင့်သွေးလျူဒါန်းနေသော
ဒဂုံမေတ္တာအဖွဲ့ --
ကွန်ပျုတာသင်တန်း သက်မွေးဝမ်းကျောင်း လျှပ်စစ်သင်တန်းများ
အခမဲ့သင်ကြားပေးနေသော မေတ္တာပါရမီိ အဖွဲ့အသီးသီးကို ရွှေတွံတေးဆရာတော်က
အလှူငွေများပေးအပ်ခဲ့သည်။