ထိုင်းနိုင်ငံရှိ ရွေှ့ပြောင်းမြန်မာအလုပ်သမားအများဆုံးနေထိုင်ရာ မဟာချိုင်မြို့ တလက်ကွန့် ဂုံးကျော်တံတားအနီးတွင် ၂၀၁၁ ဧပြီလ ၄ ရက်နေ့ က ယာဉ်တိုက်မှုကြီး
ဖြစ်ပွါးခဲ့ရာ ၄ .၄. ၂၀၁၃ နေ့ တွင် ၂ နှစ်ပြည့်ကုသိုလ်ပွဲကို စုပေါင်းကျင်းပခဲ့ကြသည်။
ရွှေတွံတေးဆရာတော် ကြွရောက်ပြီး သေဆုံးသွားသူများအတွက် အမျှပေးဝေရေစက်ချခြင်းနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် မေတာပို့ ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။
၁၁. ၄. ၂၀၁၁နေ့ ကလည်း ထိုင်းနှင့်မြန်မာ လာအို ကမောဒီယား ရွေှ့ပြောင်းအလုပ်သမားများ စုပေါင်းပြီး ရက်လည်ဆွမ်းကျွေး ကုသိုလ်ပွဲကို ကျင်းပခဲ့ရာ ရွှေတွံတေးဆရာတော်နှင့် ဒကာဒကာမများ ဗမာ မွန် ရခိုင် ထားဝယ် စသဖြင့်တိုင်းရင်းသား ပေါင်းစုံကုသိုလ်ပြုခဲ့ကြသည်။
၎. ၅. ၂၀၁၁ နေ့ မှာလည်း ၁လ ပြည့်ကုသိုလ်ပွဲနှင့် ဒဏ်ရာရနေသူများကို အားပေးနှစ်သိမ့်ခြင်းကိုလည်း ဆရာတော်နှင့် မဟာချိုင်မိသားစုတို့ ကျင်းပခဲ့ကြသည်။
ယခု ၂ နှစ်ပြည့်ပွဲတွင် ရွှေတွံတေးဆရာတော်က......” လူတိုင်းတနေ့ သေရမှာပဲလို့ သိထားပါ - ဒီသေမယ့်အသိကို မပြတ်ဆင်ခြင်နေရင် ကမဌာန်းဖြစ်ပြီ - သေသေချာချာမှာ ချင်တာက အစွဲအလန်းမထားကြဖို့ ပဲ ဒီလို့ ကြမာဆိုးနဲ့ သေရင် ဧကန်မုချ မကျွတ်ဘူး အစိမ်းသေတာ စသဖြင့် သူပြောငါပြော အရပ်ပြောတွေကို မယုံဖို့  စိတ်မဆင်းရဲကြဖို့ အရေးကြီးတယ် ဘယ်လိုနည်းနဲ့ သေသေ - သူကံအတိုင်းပဲသွားရမှာ သုဂတိ ဒုဂတိ လားကြရမှာ - ကြမာဆိုးနဲ့ ကြုံတဲ့ အရိယာတွေတောင်ရှိပါတယ် - ဗုဒတရားမှာ အထင်အရှားရှိတယ် - ဒါကြောင့် တထစ်ချမစွဲလန်းပဲ ကုသိုလ်တွေသာများများပြုကြပါ။



