ဂျပန်နိုင်ငံမှ NHK သတင်းမှတ်တမ်းအဖွဲ့ သည်
ထိုင်းနိုင်ငံ မဟာချိုင်တွင် သီတင်းသုံးနေသော
ရွှေတွံတေးဆရာတော်ထံ ၆.၁၀.၂၀၁၂ နေ့ မှ ၁၄.၁၀.၂၀၁၂ နေ့ ထိ လာရောက်ကာ
ဆရာတော်ဧ။် တနေ့ တာမှတ်တမ်းကို လေးပိုင်းခွဲပြီး ရိုတ်ကူးခဲ့သည်။
ဆရာတော်ထံ နေ့ စဉ်လာရောက်ကြသော ပရိသတ် တို့ ၏ကိစ္စ ၅
ခုမှ ၂၅ ခုကို မေးမြန်းရိုတ်ကူးကြသည်။
လုပ်ခွင့် ပါမစ်(ဘတ်) ရှိသူ-မရှိသူ ပတ်စပို့ လုပ်ပြီးသူ - မလုပ်သူ
အလုပ်ရှင်-အလုပ်သမား-ရဲ လ၀ကအာဏာပိုင် ၃ပွင့်စိုင်
ပြသ၁နာ ပြည်တွင်းပြန်ရေးမပြန်ရေး ထိုင်းတွင်ဆက်လုပ်ရေး-မလုပ်ရေး
၂နိုင်ငံသဘောတူ MOU အလုပ်သမား ကိစ္စ
ငွေကြေးပြသ၁နာ စသည်တို့ ကိုမေးမြန်းရိုတ်ကူးသည်။

ထို့ ပြသ၁နာများအပေါ် ဆရာတော်၏ ဖြေရှင်းပေးမှု
အကြံပေးမှု ကူညီပေးမှု တို့ ကိုမေမြန်းခဲ့သည်။
ရွှေတွံတေးဆရာတော်က ဒီလိုဆောင်ရွတ်နေရတာ

စိတ်မညစ်ပါဘူး အာဏာပိုင်တွေ ဒုက္ခပေးတာကို ကိုယ်တိုင်လဲ
ခံခဲ့ဘူးတော့ ဘ၀တူလိုဘဲခံစားနိုင်တယ် ကိုယ်ခြင်းစာနိုင်တယ် တသားတည်း
ရပ်တည်လုပ်ပေးနိုင်တယ်။ ကိုယ့်ရွာမှထက် နည်းနည်းလေး ပိုလုပ်နိုင်
ပိုစားနိုင် မီးရောင်လေးနဲ့ နေနိုင်လို့ သာ အသက်သွေးချွေးရင်းပြီး
လာရှာစားနေတာ ကောင်းလွန်းလို့ တော့ မဟုတ်ဘူး ဒီမှလဲ ပြသ၁နာကသောင်းခြောက်ထောင်ပါ။
ဒီပြသ၁နာအားလုံးရဲ့ တရားခံက ကိုယ့်အစိုးရ ထိုင်းအာဏာပိုင်
ကြားပွဲစား နဲ့  ကိုယ်တိုင်အတွေအကြုံ အသိ
ဗဟုသုတ နည်းလို့ ပါ အားလုံးအတွက် ၀ိုင်းပြီး အများကြီး
ကြိုးစားကြရဦးမှာပါ လို့ ပြောကြားခဲ့သည်။