ရွှေတွံတေးဆရာတော် ထိုင်း - မြန်မာ ချစ်ကြည်ရေး မဟာသင်္ကြန်ပွဲကြွရောက်

ထိုင်း - မြန်မာ ချစ်ကြည်ရေး ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၁၄. ၄. ၂၀၁၃ နေ့ မဟာသင်္ကြန်အကျနေ့ က ထိုင်းနိုင်ငံ မဟာချိုင်ရှိယာယီပတ်စပို့ ရုံးတွင်ကျင်းပရာ ၂ နိုင်ငံထာဝန်ရှိသူများ အလုပ်သမားရေးအရာရှိများ ရဲမင်းကြီးများနှင့် နိုင်ငံသားတိုင်းရင်းသားများ စုံညီတက်ရောက်ကြပြီး ရွှေတွံတေးဆရာတော်လည်းကြွရောက်ခဲ့သည်။ 



ထိုင်း - မြန်မာ ဆရာတော်များက သီလပေး ပရိတ်ရွတ် ရေစက်ချ အမျှဝေခြင်းကို ၂ ဘာသာဖြင့်ဆောင်ရွက်ကြသည်။ ထို့ နောက်ဆွမ်းကပ်လှူဒါန်းကြပြီး သက်ကြီးပူဇော်ပွဲ - မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုပြိုင်ပွဲနှင့် မြန်မာ့ရိုးရာသင်္ကြန်ယိမ်း အကများဖြင့် တနေ့ တာပျော်ရွှင်စွာကျာင်းပဆင်နွဲခဲ့ကြသည်။ ရွှေတွံတေးဆရာတော်က .... ” ကိုယ့်နိုင်ငံသားတွေအတွက် လိုအပ်တာရှိရင်ပြောပါ ဘုန်းကြီးက လိုအပ်တာတွေ့ ရင်လည်းပြောပါမယ် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးကြပါ ...” စသဖြင့်အရာရှိများကိုမိန့် ကြားခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes