ရွှေတွံတေးဆရာတော် ဟိတ်!မခိုးနဲ့ တရားဟော

MG 7843MG 7842MG 7839
MG 7837MG 7844MG 7845
မဟာချိုင်မိသားစုများ မေဒေးနေ့  အလုပ်သမားနေ့  မေလ ၁ရက်နေ့  အလုပ်ပိတ်ရက်မှာ ကုသိုလ်ပွဲတွေလုပ်ကြရပါတယ် ရွှေတွံတေးဆရာတော်က မင်္ဂလာဆွမ်းအလှူပွဲများ ကြွရောက်ပြီး
သီလပေး တရားဟော ရေစက်ချရာတွင် ဟိတ်!မခိုးနဲ့ တရားဟောကြားခဲ့သည်
သူတို့ သားနဲ့ သူတို့ သမီး
 ( သတို့ သား သတို့ သမီး ) မင်္ဂလာဆောင် ကြတာလေး သတိပေးချင်တယ်ထိုင်းနိုင်ငံရောက်နေတဲ့ နိုင်ငံသားတွေဟာ ခိုးပြေးကြတာ စတိုင်ဖြစ်နေကြတယ် အဲဒါမကောင်းဘူး ခိုးပြေးတယ်ဆိုတာ ဝတ္တု ဗွီဒီယိုထဲမှာပဲကြည့် လူကြမ်းတွေ လူဆိုးတွေက မင်သမီးကိုခိုးပြေး မင်းသားက လိုက်ကယ် ပြီးတောယူလိုက်ကြတယ်ပေါ့ နောက်တခုက မိဘတွေက သဘောထား မကြီးပေးဘူး သဘောမတူဘူး အဲဒီအခါ မင်းသားကခိုးပြေးပေါ့ - အခုက ဒီလိုမဟုတ်ဘူး သတို့ သားက လူကြမ်း လူရမ်းကားမဟုတ်ဘူး မိဘတွေနဲ့ လည်း အနေဝေးနေကြတာ ဘာမှခိုးပြေးစရာ မလိုဘူး ရည်ငံရင် မေတ္တာမျှရင် ပတ်ဝန်းကျင် လူကြီးတွေကိုပြောပြလိုက်ပေါ့ ကြောင်းလမ်းတဲ့သဘောပဲ ပြီးမှမင်္ဂလာဆောင်ကြ လက်ထပ်ကြရင်ကောင်းပါတယ် ဒါကြောင့် ဒီစုံတွဲကပဲ နောက်လူတွေကို ဟိတ်!မခိုးနဲ့ လို့ သာ သတိပေးကြပေတော့ ငါတို့ နိုင်ငံသားတွေဟာ မိသားဖသားပီပီ ခိုးပြေးစရာမလိုဘူး ရဲရဲဝံ့ဝံ့ထုံးတမ်းစဉ်လာ မင်္ဂလာဆောင်ကြရင် ကောင်းတယ် တချိန်က ဖိနှိပ်ခဲ့တဲ့ မင်္ဂလာမဆောင်ရဘူး ကိုယ်ဝန်မဆောင်ရဘူး ဆိုတာမျိုးလည်း အခုမရှိတော့ဘူးဆိုတော့ ဟိတ်!မခိုးနဲ့ လို့ ပဲ သတိပေး ဆုံးမချင်တယ်...........စသဖြင့်ဟောကြားခဲ့သည်။
MG 7846MG 7848
MG 7847MG 7841

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes