








သတို့ သား သတို့ သမီးဟာ ငါတို့ ရဲ့ ဘဝသစ် လောကသစ် အိမ်ထောင်သစ် မင်္ဂလာဦးအစမှာ ဘာကြောင့် ဘုန်းကြီးပင့်ဆွမ်းကပ်တာလဲဆိုတာ ယုံကြည်မှုနဲ့  သိနေဖို့ လိုတယ် မိဘကပြောလို့  ပတ်ဝန်းကျင်ကပြောလို့  ပင့်တာဆိုရင် အနှစ်သာရနည်းတယ် မခိုင်ဘူး ကိုယ်တိုင်က သားသမီးအဆင့်ကနေ မိဘအရာ တက်လှမ်းကြမှာဆိုတော့ အားလုံးကို အနှစ်သာရ ရှိရှိ သိနေမှကောင်းတယ်
ဘုရားကိုးကွယ် တန်ခိုးကြွယ်- တရားကိုးကွယ် ပညာကြွယ် သံဃာကိုးကွယ် စည်းစိမ်ကြွယ်ဆိုတဲ့ တရားကို မိရိုးဖလာ ယုံကြည်လို့ ဒီကတဆင့် အသိညဏ်နဲ့  ယှဉ်ပြီး ယုံကြည်လို့ သံဃာတော်တွေကို ရည်မှန်းပြီး ဘုန်းကြီးပင့်တာ ရဟန်းသံဃာကြွလာရင် ကုသိုလ်ပြုဖြစ်တယ် ဒါနပြုဖြစ်လို့ ဒါနအကျိုးလည်းရတယ်- သီလစောင့်ဖြစ်လို့ သီလအကျိုးလည်းရတယ် ဘာဝနာပွါးရင်လည်း အကျိုးရတယ်-တရားဟောတာကို နာကြားရလို့ လည်း ချင့်ချိန်စဉ်းစားတဲ့အသိ ညဏ်ပညာရတယ် တရားရဲ့ပိုင်ရှင် ဘုရားကို ချဉ်းကပ်ရာလည်း ရောက်တယ် ဒါကြောင့် ဘုရားအမှူးရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေကို အာရုံပြုပြီး ဘုန်းကြီးပင့်တာ ကိုယ့်ရဲ့ဘဝသစ် လောကသစ် အိမ်ထောင်သစ်ကို ဘုရားရိပ် တရားရိပ် သံဃာရိပ်အောက်မှာ စတင်တာ တည်ဆောက်တာပါပဲ ဒီလိုသိနေမှ ခိုင်တာ- မဟုတ်ရင် တန်ဖိုးမဲ့အလုပ်ဖြစ်ရော-ထင်ရာစိုင်းပြောရောပဲ မိရိုးဖလာ ယဉ်ကျေးမှုပျောက်ရင် ဘာသာပျောက် သာသနာပျောက် နောက်ဆုံး လူမျိုးပါပျောက်မှာပဲ ဒါကြောင့် အဓိပ္ပါယ်ရှိရှိ ညဏ်နဲ့ သိပြီး တန်ဖိုးထား ဆောင်ရွက်နိုင်ကြဖို့ တိုက်တွန်း မေတ္တာရပ်တာပါ.............စသဖြင့်ရွှေတွံတေးဆရာတော်က မိန့် ကြားခဲ့သည်။

















