





မဟာချိုင်ရောက် နိုင်ငံသား တိုင်းရင်းသားများ အဆင်ပြေရာရာ နေရာသစ်များသို့  ပြောင်းရွှေ့ နေထိုင်ကြတဲ့အခါ ဓလေ့ထုံးတမ်း ရိုးရာအစဉ်လာ အတိုင်း အိမ်သစ်တက် ဆွမ်းကျွေးအလှူ ကျင်းပလေ့ရှိကြရာ ၁၉-၅-၂၀၁၃ နေ့ က နေဝစ် အိမ်သစ်တက်အလှူပွဲသို့ ရွှေတွံတေးဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည် "ရွှေတွံတေးဆရာတော်က......အိမ်သစ်တက်တဲ့နေရာဟာ တကယ့်ကို ကျက်သရေမင်္ဂလာ ပြည့်စုံတဲ့ နေရာပဲလို့ ယုံကြည်ကျေနပ်ပြီး နေကြရင်- ဒါန သီလ ဘာဝနာ ကုသိုလ်တွေ စုံအောင်ပြုပြီးနေကြရင် အိမ်သစ်တက်တာဟာ မင်္ဂလာပါပဲ.............စသဖြင့်ဟောကြားခဲ့သည်။





