








၂၆-၅-၂၀၁၃ တနင်္ဂနွေနေ့ နားခွင့်ရကြသော နိုင်ငံသား တိုင်းရင်းသားတို့ ၏ မင်္ဂလာဦး ဆွမ်းအလှူပွဲများ မဟာချိုင် ကော့ကပ်-အောတော-စပန်ပါ တခွင် ပြုလုပ်ကြရာ ရွှေတွံတေးဆရာတော် ကြွရောက် ချီးမြှင့်ခဲ့သည် “ရွှေတွံတေးဆရာတော်က……..အိမ်ထောင်သစ် ဘဝသစ် လောကသစ် တည်ဆောက်ကြတဲ့အခါ ဗုဒ္ဓတရားတော်အတိုင်းပါပဲ ရှေးရေစက် ပါရမီဖြည့်ဘက် ဖြစ်ခဲ့ကြတာရယ် အခုဘဝ အကျိုးလိုလား အကျိုးပြုတဲ့စိတ်ရှိကြတာရယ်ကို စိတ်ထဲမှာ ထည့်ထာပြီး အစစငဲ့တွက် ဘဝခရီးဆက်ကြဖို့ ….. လင်မယားကျင့်ဝတ်၅ပါးရှိတဲ့အတိုင်း အပြန်အလှန်ကျေပွန်ကြဖို့  အချုပ်အားဖြင့် သူတို့ သားက ကြင်နာမြတ်နိုးတဲ့စိတ်ကို မပြတ်မွေးမြူထားဖို့ နဲ့ သူတို့ သမီးကလဲ၂ဦး၂ဘက် အစစ တသားတည်း အညီအမျှစိတ်ထားဖို့ ………ခေတ်ရေစီးမှာ မောင်တထမ်း မယ်တရွက် ဒိုးတူပေါင်ဖက် အိမ်ထောင်ဖက်ကြဖို့ …..စသဖြင့် ဟောကြားဆုံးမခဲ့သည် ဟိတ်!မခိုးနဲ့ ဟုလည်းသတိပေးပြောကြားခဲ့သည်။











