ထိုင်းနိုင်ငံရောက် ရွေှ့ပြောင်းမြန်မာအလုပ်သမားများ၏ ကလေးများ ပညာရေးအတွက် ကိုယ်ထူကိုယ်ထကြိုးစား ရပ်တည်ပေးနေသော
မဟာချိုင် ဘန်ထိုလ စာသင်ကျောင်း ၄ နှစ်ပြည့်ပွဲသို့ 
၇. ၅. ၂၀၁၃ နေ့ ကရွှေတွံတေးဆရာတော် ကြွရောက်ခဲ့သည်။ ကျောင်းတာဝန်ခံဆရာဆရာမနှင့် ကျောင်းကော်မတီဝင်းများ ကျောင်းသားမိဘများ စိတ်ပါဝင်စားသူများတက်ရောက်ခဲ့သည်။ ကျောင်းတာဝန်ခံဆရာက အခက်အခဲကြားကရပ်တည်ကြိုးစားခဲ့သော်လည်း ကောလဟဟနှင့် အထင်လွဲ အပြစ်ပြောခံရမှုတို့ ကို တင်ပြရှင်းလင်းခဲ့ရာ ရွှေတွံတေးဆရာတော်က မြည်း ၁ ကောင်နဲ့ သားအဖ ၂ယောက်အကြောင်းပြောပြ နှစ်သိမ့်အားပေးခဲ့သည်။ ကျောင်းကော်မတီများအနေဖြင့်လည်း အားနည်းချက်များရှိလျှင် ထောက်ပြပြုပြင်ပြီး အများအားနဲ့ စုပေါင်းပံ့ပိုးကူညီပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခဲ့သည်။ ကျောင်းသားမိဘများ အနေဖြင့်လည်း ယနေ့ ပညာခေတ်ကြီးမှာ ကိုယ့်သားသမီးတွေ လူတန်းစေ့နေနိုင်ဖို့ ခေတ်နဲ့ ရင်ဘောင်တန်းနိုင်ဖို့ ပညာသင်ကြားပေးကြပါ။ မင်္ဂလာတရားတော်မှာလည်း ပညာသင်ကြားရေး ၄ ပါးဟောကြားခဲ့သလို ကလေးတွေကို ထိုင်းနိုင်ငံအခြေခံ ထိုင်းဘာသာ - နိုင်ငံတာကာသုံး အင်္ဂလိပ်လိုဘာသာနဲ့ ကိုယ့်စကား ကိုယ့်စာကိုလည်း သင်ကြားပေးကြဖို့  - ကိုယ့်စာ ကိုယ်စကားပျောက်ရင် လူမျိုးပါပျောက်သွားမှာမို့  မဖြစ်မနေကြိုးစားသင်ပေးကြဖို့  မေတ္တာရပ်ခံခဲ့သည်။ ရန်ကုန်မှာလည်း လက်တဆုတ်စာမိဘ အချို့ ကကလေးတွေကို အင်္ဂလိပ်အလွတ်သင်ကျောင်းတွေမှာ ၁လ ၁၅ သိန်း သိန်း၂၀ နဲ့ သင်ပေးပြီး မြန်မာစာလံုးဝ မသင်ပေးတော့ပဲ တလွဲဆံပင်ကောင်းနေကြတာကိုလည်း သတိပေးပြောကြားခဲ့သည်။ ဘာသာရေး အခြေခံများလည်း လမ်းညွှန်ဆုံးမခဲ့သည်။