




မဟာချိုင်မှာ ရက်အနည်းငယ်ကစပြီး ၀ပ်နန်းမူးရ်ကျောင်းမှာ နေ့ မှာမျက်လုံးတော်ဖွင့်တဲ့ပုံနဲ့ ညမီးရောင်နဲ့ မျက်လုံးတော်ပိတ်တဲ့ပုံကို ယှဉ်တွဲဖော်ပြတဲ့ပုံကြောင့် လှုပ်လှုပ်ခတ်ခတ် ထူးထူးခြားခြားသွားဖူးနေကြတဲ့ နိုင်ငံသားတိုင်းရင်းသားတွေမနည်းလှပါဘူး ညမှာကျိန်းစက်ပြီးမျက်လုံးတော်ပိတ်သွားတယ်လို့ ပြောကြတယ် ဒကာဒကာမတွေ ပင့်လျှောက်ပြီး ရွှေတွံတေးဆရာတော်လည်းသွားရောက် ကြည်ညှိဖူးမျှော်ခဲ့ပါတယ် ရွှေတွံတေးဆရာတော်က ...." အသံတွေကြားရင်သတိထားဦး - ကြားတိုင်းလည်းမယုံနဲ့  ကြုံတိုင်းလည်းမပြောရာ ဆိုတာရှိပါတယ် - အခုဘုရားဆင်းတုတော်ရဲ့ မျက်လုံးတော် အနေထားအရ အနီးကပ်အောက်ကပင့်ပြီး ဓါတ်ပုံရိုက်ရင် မျက်လုံးတော်ပိတ်နေသလိုဖြစ်နေတယ် - နေ့ နေ့ ညညပေါ့ ညမှာအပေါ်မီးရောင်နဲ့ အရိပ်ကျရင်လည်းပိတ်နေပုံဖြစ်တယ် ဒါကြောင့် ဘယ်ဘုရားဖူးဖူး သက်တော်ထင်ရှား ရည်မှတ်ပြီး ဂုဏ်တော်တွေပေါင်းစုဥာဏ်အသိနဲ့ ပူဇော်ကြရင် ကုသိုလ်ဖြစ်ပါတယ် အကျိုးများတာပါပဲ .... သတိနဲ့ အသိ ထားကြပါ .........." စသဖြင့်မိန့် ကြားခဲ့သည်။