








၂၄-၅-၂၀၁၃ နေ့  ကဆုန်လပြည့်နေ့ ဟာ “ဆုဖွားပွင့်စံ ဤလေးတန် မှတ်ရန်ကဆုန်လ “ဆိုသည့် အတိုင်း သုမေဓါရှင်ရသေ့ ဘုရားဆုပန်ဗျာဒိတ်ရတဲ့နေ့ -သိဒ္ဓတ္ဆမင်းသားဖွားမြင်တဲ့နေ့ -သဗ္ဗညုတဘုရားဖြစ်တဲ့နေ့ - ပရိနိဗ္ဗာန်စံတဲ့နေ့  စသဖြင့် ဗုဒ္ဓဝင်ဖြစ်စဉ် ၄ပါးထူးထူးခြားခြားနေ့ ပါပဲ နိုင်ငံတကာ ကမ္ဘာ့ ကုလသမဂ္ဂကလည်း နေ့ ထူးနေ့ မြတ် ဗုဒ္ဓနေ့ သတ်မှတ်ကြပါတယ် ဗုဒ္ဓနေ့ မှာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ကျော်ဖြစ်စဉ်တွေဟာ ဆန်းကြယ်ထူးခြား နိမိတ်ကြီးများနဲ့ ယုံမှားလောက်စရာတွေ အနန္တပါပဲ ဒါကြောင့် “ရွှေတွံတေးဆရာတော်က…..ဗုဒ္ဓနေ့ ရဲ့ ဆန်းကြယ်ထူးခြားပုံများ ယုံမှားသံသယဝိဝါဒရှိရင် ဥာဏ်မမီသလိုသာထား လိုက်ကြပေတော့- ကြည်ညိုသဒ္ဓါပွါးနိုင်ကြရင်တော့ နှစ်သက်ဝမ်းမြောက်ပြီး သောကတွေငြိမ်းအေးလို့ လူနတ်နိဗ္ဗာန် ချမ်းသာအမှန်ရနိုင် တာမို့ ကြည်ကြည်နူးနူးကြီးသာ နာကြား မှတ်သားကြပေတော့……စသဖြင့် တိုက်တွန်းဟောကြားခဲ့သည်။