
ထိုင်းနိုင်ငံ မဟာချိုင်တွင် ယခုတလော ခိုးယူလုယက်မှုတွေ များပြားတိုးပွါးလျက်ရှိသည် ဓါးထောက် သေနတ်ပြ လုယက်မှုတွေနဲ့ လူရှေ့ ပြောင်ဝင်လုတာ-လူအလစ်ဝင်ခိုးတာ- အခန်းဖျက်ဝင်ပြီး ခိုးတာတွေ နည်းမျိုးစုံဖြစ်ပေါ်နေသည် တွေ့ မြင်သူတွေက အခန်းရှင်-အလုပ်ရှင်ကို ဖုံးဆက်ခေါ်ပေမယ့် အချိန်မီလာတာမျိုးမရှိဘူး-ရဲခေါ်တော့လည်း ပြဿနာတွေ ပိုရှည် ပိုရှုပ်သွားသည် ပတ်စပို့ တွေပါသွားရင်လည်း လွှင့်ပစ်ခဲ့တာ-အနီးတဝိုက်ပြန်ရောင်းတာ-တစ်နေရာချိန်းပြီးပြန်ရွေးခိုင်းတာတွေလုပ်လာသည်။ ရက်အနည်းငယ်ကလည်း ထိုင်းတဦး ပတ်စပို့  လိုက်ရောင်းနေသည်ကိုတွေ့ ၍ ရွှေတွံတေးဆရာတော်က မုံ့ ဖိုးပေးပြီး အလှူခံခဲ့သည် ထိုင်းကကောက်ရသည်ဟုဆို၏ ပိုင်ရှင်ကိုစုံစမ်းပြီးပြန်ပေးခဲ့သည် ရွှေတွံတေးဆရာတော်က…..အားလုံးစည်းစည်းလုံးလုံးနေမှ-သတိဝီရိယရှိမှရမယ် သွားတာလာတာဆင်ခြင်ကြပါ-အသားထဲက လောက်မထွက်ကြနဲ့ -မဟုတ်တာတွေနဲ့ ပေါင်းပြီးရှာမစား ကြပါနဲ့ …………..စသဖြင့်သတိပေးခဲ့သည်