





၁၆-၆-၂၀၁၃ နေ့ က ထိုင်းနိုင်ငံ မဟာချိုင်တွင် ပြုလုပ်သော ကုသိုလ်ပွဲများသို့  ရွှေတွံတေးဆရာတော် ကြွရောက်ချီးမြှင်ခဲ့သည်။ ရွှေတွံတေးဆရာတော်က……......ကုသိုလ်ကောင်းမှုပြုကြတဲ့အခါ သာရေးပဲဖြစ်ဖြစ် နာရေးပဲဖြစ်ဖြစ် စုံအောင်ပြုကြပါ- စုံအောင်ဆိုတာက ဒါနရော သီလရော ဘာဝနာရော ပြုကြဖို့ ပဲ- များသောအားဖြင့် ဒါနပဲလုပ်နေတတ်ကြတယ် ဒါကြောင့် ဘုန်းကြီးတိုက်တွန်း သတိပေးချင်တာက ဒါနလည်း မွန်မွန်မြတ်မြတ်လှူကြ- သီလလည်း သစ္စာအဓိဋ္ဌာန်ပြုနိုင်အောင် လုံလုံခြုံခြုံစောင့်ကြ- ဘာဝနာလည်း တတ်နိုင်သလောက် ပွါးများကြ ဂုဏ်တော်ရွတ်
မေတ္တာပွါး တရားနာ တရားကျင့်ကြ ….စသဖြင့်ဟောကြားခဲ့သည်။