





ထိုင်း ကမ္ဘောဒီးယား နယ်စပ်တွင် ၁. ၆. ၂၀၁၃ နေ့ က ဂျပန် - ထိုင်း - မြန်မာအပါအ၀င် ၉ နိုင်ငံဘုန်းကြီးများ ငြိမ်းချမ်းရေးလမ်းလျှောက်ကြရာ ရွှေတွံတေးဆရာတော်နှင့် မဟာချိုင်မိသားစုတို့ ပါဝင်ခဲ့ကြသည်။
''ရွှေတွံတေးဆရာတော်က ..... တကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက် - ကိုယ်နိုင်ငံငြိမ်းချမ်းရေးအတွက် - ကိုယ့်နိုင်ငံသား ငြိမ်းချမ်းရေးအတွက် အခုလိုနိုင်ငံတာကာဘုန်းကြီးတွေနဲ့ ပူးပေါင်းပြီး လမ်းလျှောက်ကြတာပါ မေတ္တာပို့ တယ် ဆုတောင်းပေးတယ် ဘာသာစုံလူမျိုးစုံ ဆို တော့ပိုအားကောင်းတာပေါ့ အခုဆိုရင် ၆ နှစ်မြောက် ပါပြီ ။အဓိကကတော့ အုပ်ချုပ်သူတွေ အကြီးအကဲတွေ ထိပ်ပိုင်းခေါင်ဆောင်တွေက အရေးကြီးတယ် အမှန်တရားကိုသိမြင်ပြီး အများအတွက်စဉ်စား ဆုံးဖြတ်နိုင်ရင် တကယ်ငြိမ်းချမ်းသွားမှာပါ ....... စသဖြင့်မိန့် ကြားခဲ့သည်။





