မျိုးစောင့် သစ္စာဖြင့် ပြိုင်တူတွန်းဖို့ နှိုးဆော်

1010897 410490835731997 128924544 n
ကျနော်တို့တွေ ညီညွတ်စွာအလုပ်လုပ်ကြဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြိုးစားကြပါတယ်........အပြင်မှာလုပ်ရတာ လိုင်းပေါ်မှာ အယူအဆ တစ်ခုကို ချပြရသလို မလွယ်ကူပါဘူး........ကျနော်ဆို ထိုင်းစကား လုံးဝ မတတ်ပါဘူး......သွားလာရတာကအစ ဘာသာစကားအခက်အခဲကြောင့် တော်တော် ဒုက္ခများပါတယ်....မှတ်မှတ်ရရ သင်္ကြန်ပြီး ကတည်း က တနင်္ဂနွေ တွေ တစ်ရက်မှ မနားရပါ....... လက်ရှိထိုင်းနိုင်ငံမှာ လုပ်နေကြတာက တရားပွဲဖြစ်မြောက်ရေး ရယ်.....ဘက ကျောင်းတွေကို ထောက်ပံ့ ကြတာရယ်...ရာသီလိုက်....ဝါဆို၊ ကထိန် သင်္ကန်း ကပ်တာရယ် နှစ်သစ်ကူးပိတ်ရက်နဲ့ သကြန်မှာ တချို့  နေရာ တရားစခန်းရှိတယ်...... လူမှုနာရေး ကူညီမှု အသင်း တချို့ ရှိတယ်.....မြန်မာပြည်သတင်းနဲ့ပတ်သက်သမျှ လနဲ့ချီ နောက်ကျပြီးမှ သတင်းတွေ သိကြ တယ်......တချို့ ဂျာနယ်တွေကျေးဇူးကြောင့် နည်းနည်းပါးပါးသိတယ်....ဒီကြားထဲ ဘီဘီစီ၊ဗွီအိုအေ သမားတွေနဲ့.......ခောတ်ရေစီးဘယ်လိုဆိုတာ မသိဘူး..........အင်တာနက် လိုင်းကို သွယ်တော့ .. အများစုက စလောင်းနဲ့ မှားကြတယ်....ရုပ်ရှင်ကြည့်ရုံ ၊ ဘောလုံးပွဲ ကြည့်ရုံ ထင်ကြသူက အများသား ......ထားပါတော့..... ထိုင်းမှာရှိသူအများစုက နယ်က လူတွေများတယ်....အတန်းပညာလည်းနည်းကြတယ်.....(ဗဟုသုတနည်းတယ် ဆိုလိုချင်တာပါ.....)....ဒီကြားထဲပြောပြရင်လည်း...သူတို့ချည်း သိတယ်ဆိုတာ..... ထားပါတော့ ကျနော့်စကားက လိုရင်း မရောက် ဖြစ်တော့မယ်.... ၉၆၉ ဆရာတော်တွေထဲမှာ ပုဂ္ဂိုလ်ရေးရာ အရလည်းရင်းနှီးတဲ့ စာချဦးဇင်းတို့ တရားပွဲ လာလုပ်တာ တွေ့တော့ အဆက်အသွယ်ရအောင် လိုက်......ရပြန်တော့ လုပ်ရမှာတွေတင်ပြ.....ညှိနှိုင်း ....တိုင်ပင် ........ပြီးတော့ လက်ရှိ ဆရာ့ ဆရာဆိုတာတွေကိုလိုက်တွေ့ ....မဟာချိုင် ဆိုရင် အဖွဲ့ပေါင်း ၃၀ ကျော် ရှိတယ် လိုက်ပြောပြန်တော့ ကိုယ်ကပဲ...သူတို့အင်အားတွေ..နေရာတွေ ဝင်လုတော့မလိုလို....... ကျနော်က ပြောပြပါတယ်....တစ်နိုင်ငံလုံးအနှံ့ သာသနာအသိ...အမျိုးသားရေး အမြင်တွေနဲ့ လှုပ်ရှားနေကြတာ......နောင် တရားပွဲတွေရှိဖို့ ဆိုတာ....တရားစခန်းတွေ ဖွင့်နိုင်ဖို့... ဆိုတာ....သာသနာရှိဦးမှ...... သာသနာ ဆိုတာလည်း လူမျိုးရှိဦးမှ.....အဲဒီလူမျိုးဆိုတာကလည်း ဘာသာရေး အသိခိုင်မာဦးမှ......နောက်တော့ အားလုံးသိကြတဲ့အတိုင်း မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းဖို့အထိ ဖြစ်လာခဲ့ပြီ...... မြန်မာပြည်ထဲမှာ ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်နေကြတဲ့ သွေးချင်းတွေကို အားနာလိုက်တာဗျာ........ဒီက လူတွေက ငွေမထိရင်...သာသနာကိုချစ်ပြဖို့ အဆင်သင့်ရှိပြီးသား......တရားခွေ အရင်က အခန်းမှာ အလကားငှားတယ်......ကြိုက်တဲ့ခွေ ဆို ကိုယ့်ခွေသားနဲ့ ကိုယ် ကူးပေးတယ်....အဲဒါတောင်....မလာကြဘူး.....အော် ဗုဒ္ဓမြတ်စွာ ဘုရားကိုများ မျက်နှာပူလွန်းလို့....... ဆင်းရဲတွင်းနက်တဲ့ လူမျိုး၊ ရောက်လေရာ မျက်နှာငယ်ရတဲ့လူမျိုး ၊ ရှေ့ ကလည်း မသွား နောက်ကလည်း မလိုက် ကန့်လန့်တိုက်တဲ့ လူမျိုး .....ဗုဒ္ဓက အများကြီးဟောခဲ့လွန်းလို့...... မနာလိုဝန်တိုစိတ်တွေ ဒင်းကျမ်းပြည့်နေတဲ့ လူမျိုး.....အဲဒါတွေကြားထဲ မဖြစ်ဖြစ်အောင်.....တွန်းထိုးရင်း ဗုဒ္ဓဘာသာကို....ဗုဒ္ဓဘာသာဝင်တွေမှ မစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်မလဲလို့...... ရန်ဖြစ်ရမတတ်....ပြောပြရတဲ့ လူမျိုးတွေ ရဲ့ ကြားထဲ........... မျိုးသာကီ ဗုဒ္ဓသာသနာထောက်ပံ့ရေး လုပ်ငန်းစဉ်ကို အုတ်မြစ်ချခဲ့ပါပြီ........... လစဉ် (၁၀)ရက်နေ့တိုင်း ပို့ဆောင်လှူဒါန်းပါသည်.... အမာခံအဖွဲ့ဝင် များက တစ်လ လျှင် တစ်ရက်စာ လုပ်အားခ (၃၀၀)ဘတ် နှင့် သာမန် အဖွဲ့ဝင် (၁၀၀)ဘတ် ထည့်ဝင်ကြပါသည်.... လက်ရှိ မော်လမြိုင် ရွှေကျောင်းသို့ ပို့ပါသည်....... လက်ရှိ ပရဟိတ အဖွဲ့ များကို...ဤလုပ်ငန်းစဉ်ကို တာဝန် တစ်ရပ် အနေဖြင့် ထည့်သွင်းပေးပါရန် နှိုးဆော်ပါသည်...... နိုင်ငံတကာရောက် ရွှေမြန်မာများ ကလည်း နီးစပ်ရာစုဖွဲ့၍ မိမိဒေသ၏ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများကို ....အသိစိတ်ဓါတ် ကိုယ်စီဖြင့်.....စွမ်းဆောင်နိုင်ကြမည်ဆိုလျှင်.......... ပြည်တွင်းမှမျိုးစောင့် လုပ်ငန်းစဉ်များ အတွက်....အင်အားတစ်ရပ်တော့ဖြင့် ဖြစ်လာပါမည် ဟု........ယုံကြည်ပါကြောင်း................ မျိုးစောင့် သစ္စာဖြင့်................ပြိုင်တူတွန်းဖို့ ကြိုးစားနေတဲ့................ ဇာမဏီငယ်သွေး

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes