





၉-၆-၂၀၁၃ နေ့ က မဟာချိုင် ကီလို၁၂တွင် အိမ်သစ်တက်ဆွမ်းကျွေး အလှူပွဲသို့ ရွှေတွံတေးဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည် ''ရွှေတွံတေးဆရာတော်က…..ဘယ်နေရာမှာနေနေ စိတ်ကောင်းထားပြီး အကောင်းမြင်ရင် အဆင်ပြေပါတယ် ဒါပေမယ့် ဘေးအန္တရာယ်ရှိနေရင် မကာကွယ်နိုင်ရင် ရွှေ့ ရပြောင်းရတယ် တားဆီးဖယ်ရှားနိုင်အောင် ကြိုးစားရင်တော့ပိုကောင်းတာပေါ့ ကုသိုလ် ပညာ ဥစ္စာ ရတဲ့နေရာဟာသင့်တော်တဲ့နေရာပါပဲ အဲဒီမှာနေကြရင် မင်္ဂလာရှိပြီး ဘဝတိုးတက်တာပေါ့…..စသဖြင့်ဟောကြားခဲ့သည်။