ရွှေတွံတေးဆရာတော် နှင့် ၉၆၉ထောက်ပံ့ရေးကွန်ယက်တွေ့ ဆုံ

MG 8885MG 8895MG 8887
မဟာချိုင်-ဘန်ဘော်နှင့် စမွတ်ပကန်မှ ၉၆၉ အမျိုးဘာသာ သာသနာ စောင့်ရှောက်ထောက်ပံ့ရေးကွန်ယက် အကျိုးဆောင်များ ၉-၆-၂၀၁၃ နေ့ က ရွှေတွံတေးဆရာတော်ထံ လာရောက်လျှောက်ထားဆွေးနွေးကြသည် ပြည်တွင်းသို့ ထောက်ပံ့ရေး-ထိုင်းနိုင်ငံတွင်လည်း နိုင်ငံသားတိုင်းရင်းသားများ ဘာသာရေးအခြေခံ တည်ဆောက်ရေး-ပြင်ပတိုက်ခိုက်မှုကို တားဆီးကာကွယ်ရေး နှင့် အမျိုးသားရေးကိစ္စများအတွက် အရေးပေါ်နှင့် ရေရှည်လုပ်ငန်းစဉ်များ ဆွေးနွေးကြသည် ရွှေတွံတေးဆရာတော်က……ပြည်တွင်းပြည်ပ ဘာသာရေး လူမျိုးရေး ပဋိပက္ခ တွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ အစိုးရနဲ့ အာဏာပိုင်တွေက အဓိကကျတယ်-ရိုးသားပြီး သတ္တိရှိဖို့ အရေးကြီးတယ်-၉၆၉ ဆောင်ရွက်သူတွေလည်း အာဏာပိုင်ရပ်တည်ချက်ကို သေသေချာချာသိပြီး ဆောင်ရွက်မှရမယ် မဟုတ်ရင် အခြေခံလူထုတွေကြားထဲမှာ ပဋိပက္ခဖြစ်ရုံ မီးရှို့ ပေးရုံဖြစ်နေလိမ့်မယ်-ကိုယ့်လူတွေကလည်း အိပ်ပျော်မနေကြပဲ မျက်စိဖွင့် နားစွင့် သတိဝီရိယနဲ့ စည်းလုံးနေကြမှဖြစ်မယ်….စသဖြင့် မိန့် ကြားခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes