





မဟာချိုင်ရောက်နိုင်ငံသားတိုင်းရင်းသားများ၏ ကလေးငယ်များ မြန်မာစာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်ရေးအတွက် မဟာချိုင်လူမှုအဖွဲ့ များ ဘာသာရေးအဖွဲ့ များ စိတ်ပါဝင်စားသူများဆွေးနွေးပွဲသို့ 
ရွှေတွံတေးဆရာတော်ကြွရောက်ခဲ့သည်။
ကိုယ်ထူကိုယ်ထကျောင်းများကိုအခက်အခဲများကြားက ဖွင့်လှစ်ခဲ့ရာ ကန်ပူရီကျောင်းတွင်
ကျောင်းသား ၁၆၀ ဦး ဘန်ထိုလကျောင်းတွင်ကျောင်းသား ၃၀ ဦး
ကံဖာကျောင်းတွင်ကျောင်းသား ၂၀ ဦး ပညာသင်ကြားလျက်ရှိသည်။
သက်တမ်း ၄ နှစ်ကျော်ခဲ့ပါပြီး။
ရွှေတွံတေးဆရာတော်က ..... ကိုယ်ထူကိုယ်ထကျောင်းဆိုတာ အခက်အခဲတွေအများကြီးရှိမှာပဲ ပညာခေတ်မှာ ကိုယ့်မျိုးဆက်သစ်ကလေးတွေ မိခင်စာတတ်မြောက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါ - တစိုက်မတ်မတ် စိတ်ဓါတ်
နဲ့ ပူးပေါင်းညှိနှိုင်းသွားကြရင် အောင်မြင်မှာဘဲ သက်ဆိုင်ရာတွေကကူညီပံ့ပိုးပေးကြရင်တော့
ပိုကောင်းတာပေါ့ - အခုထိတော့ ထူးထူးခြားခြားမရှိသေးပါဘူး ......... စသဖြင့် မိန့် ကြားခဲ့သည်။