ရွှေတွံတေးဆရာတော်၏ BOB ကို ဂျပန်အဖွဲ့ လာရောက်လေ့လာ

MG 8625MG 8684MG 8807
MG 8797MG 8824MG 8723
ထိုင်းနိုင်ငံ မဟာချိုင်ရောက် နိုင်ငံသား တိုင်းရင်းသားများ ငွေကြေးအခက်အခဲကြုံတွေ့ ရပါက အတိုးမဲ့ အရေးပေါ်ချေးငွေ ထုတ်ယူသုံးစွဲနိုင်ရန် နိုင်ငံတကာဘုန်းကြီးများ၏ အကူအညီဖြင့် ရွှေတွံတေးဆရာတော်က BOB အတိုးမဲ့ဘဏ်ကို စီစဉ်ပေးထားပြီး ဒါရိုက်တာ အဖွဲ့ က ဆောင်ရွက်ပေးလျက်ရှိရာ CS Japan အဖွဲ့ က ၆-၆-၂၀၁၃ နေ့ မှ ၃-ရက်လာရောက်လေ့လာခဲ့သည် အတိုးမဲ့ချေးငွေသက်တမ်း ၄-နှစ်အတွင်း လူ ၁,၀၀၀ခန့် ချေးယူသုံးစွဲခဲ့သည်။ ငွေချေးသူများတတ်နိုင်သလောက်အလှူငွေထည့်ဝင်နိုင်ပြီး ကျန်းမာရေးချို့ ယွင်းသူ-လုံးဝအဆင်မပြေသူ-ပြဿနာရှုပ်သူများကိုမူ ရွှေတွံတေးဆရာတော်က လုံးဝ အလှူငွေလက်မခံပါ ရွှေတွံတေးဆရာတော်က…ငွေရေးကြေးရေးကိစ္စက ပြဿနာတွေများတယ် ဒါပေမယ့် နိုင်ငံတကာက ဘုန်းကြီးကိုယုံကြည်ပြီးအပ်တယ် ဒကာရင်းတွေက တာဝန်ယူဆောင်ရွက်ပေးတယ် ဒုက္ခရောက်နေသူတွေကိုယာယီပြေလည်စေတယ် ဒါကြောင့် တတ်နိုင်သလောက်တော့ ဆက်လုပ်ပေးဦးမှာပါ……..စသဖြင့်ရှင်းပြခဲ့သည်။
အများအားဖြင့်တော့ ရွာကိုပြန်ပို့ ဖို့ -ကျန်းမာရေး လူမူရေးကိစ္စ-လုပ်ငန်းမတည်ဖို့ -အစုအဖွဲ့  မတည်ဖို့ -အတိုးကြီးယူပြီးပြန်မဆပ်နိုင်လို့ စသဖြင့် အကြောင်းစုံ ချေးယူသုံးစွဲကြသည်ဟုလည်းဆို၏။
MG 8829MG 8842Untitled 1

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes