





ထိုင်းနိုင်ငံ မဟာချိုင်မှ နိုင်ငံသား တိုင်းရင်းသားများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ၀ါဆိုဦးကုသိုလ်ပွဲများ တရားပွဲများကို နေရာအနှံ့ ကျင်းပကြရာ နိထိကော - APF - ကီလို၁၂ - ကော်ကပ် - ထိုင်းယူနစ် - ဓနိတော - နှလုံမစ် - ကီလို၂ - ထလအော် - စပန်ပါ - ကံဖား - ၀ပ်ထောင် - ၀ပ်ဘိုကျက် - ဂေဟ - ထပ်ချလုံ - ဝေလ - ဆိုင်ဟ စသည့်နယ်မြေများသို့  ရွှေတွံတေးဆရာတော် ကြွရောက်ခဲ့သည်။









ရွှေတွံတေးဆရာတော်က ............. ကိုယ့်နိုင်ငံသားတိုင်းရင်းသားတွေက ၀ါဆိုသင်္ကန်းကို စွဲစွဲ မြဲမြဲ လှူကြတာ စဉ်လာမပျက်ပဲမို့ အားရစရာကောင်းပါတယ် တကယ်တော့ စီးပွါးရေး ကြပ်နေကြတာ အလုပ်ဖြုတ်ခံရသူတွေ - လုပ်ခလျှော့ခံရသူတွေ - အလုပ်ရုံပိတ်ပြီး - အလုပ်လက်မဲ့ဖြစ်ရသူတွေ -



အရေးထဲ ယာယီပတ်စပို့ က ၄ နှစ်ပြည့်လို့ ဆက်နေခွင့်မရတော့ သူတွေ - စုံလို့  စုံလို့  သောကတွေရှိနေကြတာ ဒီကြားထဲက အလှူပွဲလုပ်ကြတာမို့ ဝမ်းမြောက်ဝမ်းသာချီးကျူးစရာကောင်းနေရောပဲ .....စသဖြင့်မိန့် ကြားပါသည်။





