ရွှေတွံတေးဆရာတော် မျိုးစောင့် ဥပဒေ အရေး ဆရာဒကာတွေ့ ဆုံဆွေးနွေး

20130704 1933001044733 522329344482390 1733422596 n20130704 193604 19898 209601512524761 76426956 n1012628 520901277958530 1723770034 n1045065 522330324482292 855931131 n 1013006 520901684625156 1401808454 n1044439 520902577958400 1218434143 n1013094 520902881291703 1990877885 n
လူတိုင်းစိတ်ဝင်းစားနေတဲ့ မျိုးစောင့် ဥပဒေ အရေးဟာ ဇွန် ၁၄ မှော်ဘီသံဃာ့ စည်းဝေးမှာ သတင်းစထွက်ခဲ့ပါတယ်။ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ အဖွဲ့ အစည်းအချို့ လူပုဂ္ဂိုလ်အချို့ 
ကြားထဲမှာ ဆန့် ကျင်ဖက် ပဋိပက္ခ အသံတွေ ကျယ်လောင်သွားခဲ့ပါတယ် ။
ဒါပေမယ့် ဇွန် ၂၇ အင်းစိန် သံဃာ့ညီလာခံမှာ သံဃာ ၁၅၀၀ ကျော်က သဘောထားမကွဲဘဲ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြပါတယ်။ဒါကြောင့် ဘာသာဝင် အချင်းချင်းကြားမှာ
ဆရာဒကာ အချင်းချင်းကြားမှာ-ပဋိပက္ခဆန့် ကျင်ဖက်တွေလျော့ပါးပြီးညီညီညွတ်ညွတ်အသံတူရအောင် ဆွေးနွေးနေကြပါတယ်။
အမျိုး ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးတော်ဆောင် ဆရာတော် ၁ပါးဖြစ်တဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံတေးဆရာတော်က...........
ဘုန်းကြီးကိုယ်တိုင် အင်းစိန် သံဃာ့ညီလာခံကို တက်ရောက်ခဲ့တယ် ။ ရွာမဆရာတော်ကြီးနဲ့ လည်း သေသေချာချာဆွေးနွေးခဲ့ပါတယ်။အချင်းချင်းကြားမှာ သဘောထား ကွဲမှု ထင်မြင်လွဲမှုတွေ ပျောက်ပျက်ပြီး ဆရာဒကာ ညီညွတ်တဲ့ သဘောထားအသံတွေရဖို့ ဝိုင်းပြီးကြိုးစားနေကြတယ်။ ဇူလိုင်လဆန်းမှာ ဆရာဒကာတွေ့ ဆုံဆွေးနွေးပွဲတွေစကြပြီး ရွာမဆရာတော်ကြီးထံမှာ ၈၈ မျိုး
ဆက်တွေ အမျိုးသမီးအဖွဲ့ တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလျှောက်ထားကြတယ်။
မျိုးစောင့်ဥပဒေကိစ္စ လွှတ်တော်တင်ဖို့ အချိန်ကာလ - ထောက်ခံလက်မှတ်ကောက်ခံမှုကိစ္စ - ဘက်စုံတောင့်စုံ
ကျယ်ကျယ်ပြန့် ပြန့် ပညာရှင်ပေါင်းစုံ ဆွေးနွေးရေးကိစ္စ စသဖြင့် ပွင့်ပွင့်လင်းလင်း
လျှေက်ထားဆွေးနွေးကြတယ်။ အားလုံးကလည်း ကျယ်ကျယ်ပြန့် ပြန့် ထိထိရောက်ရောက်
ဖြစ်အောင် အလုပ်ရုံ ဆွေးနွေးပွဲတွေ အမြန်ဆုံးလုပ်ကြဖို့  သဘောတူလက်ခံကြတယ် ၀ိုင်းဝန်းကြိုးစားကြမှာပါ စသဖြင့် ပြောကြားပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes