


ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံ အရှေ့ ဘက်၌ ရဲဘော်၂ဦးကျဆုံးသွားခဲ့သောနေရာတွင် ငွေရတု ဂုဏ်ပြုပန်းခွေချ အခမ်းအနားကို ၈-၈-၂၀၁၃နေ့ နံနက် ၈နာရီ၈မိနစ်တွင် ကျင်းပရာ ရွှေတွံတေးဆရာတော်တက်ရောက်ဂုဏ်ပြုခဲ့သည်။ အခမ်းအနားတွင် ဂုဏ်ပြုပန်းခွေချ အလေးပြုကြပြီး ဘာသာပေါင်းစုံဆုတောင်းပွဲများလည်း ကျင်းပခဲ့ကြသည်။ ကမ္ဘာမကျေဘူး သီချင်းနဲ့ ကြွေရဲသောကြယ်များ သီချင်းကိုလည်း စုပေါင်း သီဆိုဂုဏ်ပြုခဲ့ကြသည်။



ရွှေတွံတေးဆရာတော်က…..နိုင်ငံရေးဆိုတာ လှုပ်ရှားနိုင်ငံရေးနဲ့ တည်ဆောက်နိုင်ငံရေးရှိတယ် အခြေအနေအရ လုပ်ကြရတာပဲ -အခုဒီလို ငွေရတု ဂုဏ်ပြုပွဲတွေ လုပ်နိုင်နေပြီး ပန်းတိုင်တော့ မရောက်သေးဘူး ညီညွတ်လက်တွဲပြီး ဆက်လက်ချီတက်ရဦးမယ်။ အရင်လိုပွဲက မကြမ်းဘူး-ပါးပါးနပ်နပ်သွားနေကြတာမို့ လို့ သတိကြီးကြီး ညဏ်ကြီးကြီးထားရမယ် -အစားမခံရစေနဲ့  ကစားမခံရစေနဲ့  ၂ဘက်ကစားကြတာဆိုတော့ ဒီမိုကရေစီ နိုင်မှကောင်းမယ် အနည်းဆုံးတော့ ပူးတွဲရမှဖြစ်မယ် ထပ်ရှုံးရင်တော့ ၂၅နှစ်စာ မတန်တော့ဘူး- ဝိုင်းလုပ်ကြပါ- မျိုးဆက်သစ်တွေလည်း ပညာစုံဖြည့်ဆည်း- စိတ်ဓါတ်ကြံခိုင်ပစေ-မဖောက်ပြန် မယိမ်းယိုင်စေနဲ့ - တိုင်းပြည်နဲ့ လူမျိုးအတွက် အများကောင်းစားရေးအတွက် မညံ့စေရဘူး……စသဖြင့်မိန့် ကြားခဲ့သည်။