


ထိုင်းနိုင်ငံ မိဘုရားကြီး မွေးနေ့  (၀မ်မက်နေ့  - အမေနေ့ ) ၁၂. ၈. ၂၀၁၃ နေ့  တွင်နိုင်ငံသား တိုင်းရင်းသားများ စုပေါင်းပြီး အထူးတရားပွဲနှင့်ပထမဆုံးအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲကို ၀ီစက်စုနု ကော်ဆန်းဝင်း မှာကျင်းပကြရာ ရွှေတွံတေးဆရာတော် ကြွရောက် တရားချီးမြှင့်ခဲ့သည်။



ရွှေတွံတေးဆရာတော်က ...... = " အမေ့မေတ္တာတရားဗြဟ္မစိုရ် လေးပါး" တရားတော်ကိုဟောကြားပြီး မိဘုရားကြီးကို ( ဗြဟ္မာမေမေ ) ဟုတင်စားခဲ့သည်။ = လူကြမ်း စိတ်ကြမ်း နေရာကြမ်းမှာ" ယောနိသော မနသိကာရ" စိတ်ကောင်းထားကြဖို့  လမ်းညွှန်ဟောကြားပြီး = အကောင်းဆုံး ကုသိုလ်ပွဲ အကောင်းဆုံးသာသနာပြုပွဲ ဖြစ်အောင်လည်း ဟောကြားခဲ့ပါသည်။