


ထိုင်းနိုင်ငံ မဟာချိုင်မှ နိုင်ငံသား တိုင်းရင်းသားများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ၀ါဆိုဦးကုသိုလ်ပွဲများ တရားပွဲများကို နေရာအနှံ့ ကျင်းပကြရာ ဆိုင်စီ အုံးနွဲ့  ocean sun စသည့်နယ်မြေများသို့  ရွှေတွံတေးဆရာတော် ကြွရောက်ခဲ့သည်။



ရွှေတွံတေးဆရာတော်က ............. ကိုယ့်နိုင်ငံသားတိုင်းရင်းသားတွေက ၀ါဆိုသင်္ကန်းကို စွဲစွဲ မြဲမြဲ လှူကြတာ စဉ်လာမပျက်ပဲမို့ အားရစရာကောင်းပါတယ် တကယ်တော့ စီးပွါးရေး ကြပ်နေကြတာ အလုပ်ဖြုတ်ခံရသူတွေ - လုပ်ခလျှော့ခံရသူတွေ - အလုပ်ရုံပိတ်ပြီး - အလုပ်လက်မဲ့ဖြစ်ရသူတွေ - အရေးထဲ ယာယီပတ်စပို့ က ၄ နှစ်ပြည့်လို့ ဆက်နေခွင့်မရတော့ပဲ နေရပ်ပြန်ရမယ့် သူတွေ - စုံလို့  စုံလို့  သောကတွေရှိနေကြတာ ဒီကြားထဲက အလှူပွဲလုပ်ကြတာမို့ တော်တော့်ကို ချီးကျူးစရာကောင်းနေရောပဲ .....စသဖြင့်မိန့် ကြားပါသည်။