


ရန်ကုန်မြို့ MCC ခန်းမတွင်ကျင်းပသော ရှစ်လေးလုံးငွေရတုပွဲသို့ ရွှေတွံတေး-ရွှေပါရမီ- ရွှေညဝါ ဆရာတော်၃ပါး ရွှေ၃ရွှေ ကြွရောက်ခဲ့သည်။



ရွှေတွံတေးဆရာတော်က…..ဒီမိုကရေစီရေးအတွက် ကျဆုံးသွားတဲ့ ကျောင်းသားလူငယ် ရဟန်းရှင်လူ ပြည်သူတွေအားလုံးကိုသတိတရ ဂုဏ်ပြုချင်လို့ -လုပ်ဖော်ကိုင်ဖက်တွေပြန်ဆုံတွေ့ ပြီး အင်အားသစ်တွေနဲ့ ညီညီညွတ်ညွတ် ဆက်လက်လုပ်ဆောင်ချင်လို့  ရှစ်လေးလုံးငွေရတုပွဲကိုကြွရောက်တာပါ…ဟုမိန့် ကြားခဲ့သည်။ ရွှေပါရမီဆရာတော်က…..ရှစ်လေးလုံးကနေ ချစ်လေးလုံးဖြစ်အောင် ကြိုးစားဖို့ -အချင်းချင်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ အချစ်တွေဖြစ်စေချင်လို့ ဒီပွဲကိုကြွရောက်ခဲ့တာလို့  မိန့် သည် ရွှေညဝါဆရာတော်က….ကျဆုံးသွားတဲ့ ဒီမိုကရေစီရဲဘော်တွေကိုလည်း ဂုဏ်ပြုချင်လို့  တကယ်လုပ်နေတဲ့သူတွေကိုလည်း ချီးကျူးချင်လို့ ကြွလာတာလို့ မိန့် ကြားပါသည်။