ထိုင်းနိုင်ငံ စံခပူရီရှိ ဝင်းက သစ်သားတံတားကြီးသည် နိုင်ငံခြားသားများ စိတ်ဝင်တစား လာရောက်ကြသောနေရာ ဖြစ်သည် မွန်ဆရာတော်ကြီး ဦးဥတ္တမ ဦးစီးတည်ဆောက်ခဲ့သောတံတားဖြစ်ကာ
၂၀၁၃ခုနှစ် ထိုင်းနိုင်ငံ မိုးရွာသွန်းမှုများပြီး ရေကာတာ လျှံမှုများကြောင့် ရေတိုက်စား ပျက်စီးခဲ့သည်။
အာဏာပိုင်များက စနစ်တကျစစ်ဆေးရန်နှင့်ပြန်လည် တည်ဆောက်ရန် ချက်ခြင်း မဆောင်ရွက်နိုင်သေးပါ
တံတားဝန်းကျင်မှ လူထုက စုပေါင်းပြီး ဝါးတံတားအသစ်ကို အစားထိုးတည်ဆောက်ကြရာ ရက်သတ္တ၁ပတ်အတွင်း ချောမောပြီးစီးအောင်မြင်သွားခဲ့သည်။ ရွှေတွံတေးဆရာတော်နှင့် နယ်ခံ ရွာခံ ဒကာများသွားရောက်အားပေးခဲ့ကြသည်။



ရွှေတွံတေးဆရာတော်က……. ဒီဝါးတံတားသစ်ကလည်း ကမ္ဘာကျော်ဦးမှာပဲ အခုတောင်နိုင်ငံခြားသားတွေ စိတ်ဝင်တစားလာနေကြပြီ သစ်တံတားအစား ဝါးတံတားကလည်းဆွဲဆောင်နေတာပါပဲ လူထုရဲ့ ညီညွတ်တဲ့အား နဲ့ လုပ်ရင်အားလုံးအောင်မြင်တယ်ဆိုတာ လက်တွေ့ ပြလိုက်တာပဲ တအံ့တသြကြည့်ကြရတဲ့ လူထုအားရဲ့သင်္ကေတ တခုဖြစ်သွားတာပဲ………နမူနာထားရမယ့် စိတ်ဓါတ်တွေပါပဲ…..စသဖြင့်မိန့် ကြားခဲ့သည်။