


ထိုင်းနိုင်ငံရောက် နိုင်ငံသားတိုင်းရင်းသားများ စုပေါင်းပြီး ကမ္မဋ္ဌာန်း အားထုတ်မည့် ယောဂီများအတွက် မိုဘိုင်းရေကန် နှင့် ပန်းကန် ဘိနပ် စသည် လှူဒါန်းကြပြီး ဆရာတော်များအား ဆွမ်းကပ် လှူခဲ့ကြသည်။ ၁-၉-၂၀၁၃နေ့ က ကျင်းပသည့် ထိုကုသိုလ်ပွဲကို ဝပ်ကံဆရာတော်ကြီးနှင့် ရွှေတွံတေးဆရာတော် တို့ ကြွရောက်ခဲ့ကြသည်။ ရွှေတွံတေးဆရာတော်က….ဝမ်မြောက်ဝမ်းသာ ညဏ်လည်းပါ စိတ်ပါလက်ပါကုသိုလ်ပြုကြဖို့ -ကုသိုလ်ပြုရင် စုံအောင်ပြု ဒါန သီလ ဘာဝနာ အားလုံးပြုကြဖို့ ……စသဖြင့်ဟောကြားပြီး ဂုဏ်တော်ရွတ် မေတ္တာပွါးခဲ့ကြပါသည်။