


တနသာင်္ရီတိုင်း ကော့သောင်းမြို့ မှ ၂၄ မိုင်အကွာ မလိဝမ်းသို့  ရွှေတွံတေးဆရာတော် ကြွရောက်စဉ် ဥပုသ်နေ့ အထူးတရားပွဲ ဟောကြားခဲ့သည်။ ဓမ္မပူဇာအလှူငွေများကို မလိဝမ်းရွှေတောင်ဦး ဘုန်းတော်ကြီး ပရဟိတကျောင်း အတွက်လှူဒါန်းခဲ့သည်။ ရွှေတွံတေးဆရာတော်က .............. နိဗ္ဗာန်ရောက်ကြောင်း မဇ္ဓျိမပဋိပဒါလမ်းဟာ မဂ္ဂင် ၈ ပါးပဲ - အနှစ်ချုပ်ကတော့ သီလ သမဓိ ပညာ ပါပဲ - ဒါကြောင့် သီလကိုအခြေခံပြည့်စုံအောင်ထိန်းပါ ဥပုသ်သည်များ ဘီလူးဥပုသ် နဂါးဥပုသ် ဇရက်ဥပုသ် မဖြစ်စေနဲ့  သီလကို အရိယာ သူတော်ကောင်းတွေလို ပါရမီဖြစ်အောင်စောင့် - ခန္ခာသွေးသားရင်းပြီးစောင့် - အသက်ရင်းပြီးစောင့် လုံအောင်စောင့်ကြပါ ........ စသဖြင့်ဟောကြားခဲ့သည်။