ရွှေတွံတေးဆရာတော် ဘုရားသုံးဆူ ပရဟိတများကိုလှူဒါန်း

IMG 2630IMG 2539IMG 2571
ထိုင်း + မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ရွှေတွံတေးဆရာတော်ကြွရောက်ပြီး တော်သလင်းလပြည့်နေ့ က ဓမ္မဟေဝန် ပရဟိတစာသင်ကျောင်း မေတ္တာကာရီ နာရေးကူညီမှုအသင်း ပညာတန်ဆောင် ပညာရေးကူညီမှုအသင်း စသည်တို့ အတွက် အလှူငွေ နှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့သည်။ ဓမ္မဟေဝန်ကျောင်းတွင် အမှောင်ညရဲ့တရားတော် နှင့် ငြိမ်းငြိမ်းချမ်းချမ်းတူတူနေတရားတော်တို့ ကို ၂ည ဟောကြားချီးမြှင့်ခဲ့သည်။
IMG 2653IMG 2650IMG 2739
ရွှေတွံတေးဆရာတော်က….နယ်စပ်မြို့တွေဟာ အရောင်အသွေးစုံတယ် အခြေအနေစုံတယ် အပေါ်ယံလှုပ်ရှားမှုတွေများတယ် ဒီကြားထဲမှာ နိုင်ငံသား တိုင်းရင်းသားတွေ အခြေခိုင်ခိုင်နဲ့  တိုးတက်အောင် တစိုက်မတ်မတ်လုပ်တဲ့သူတွေရှိဖို့ အရေးကြီးတယ် ဒါကြောင့် တတ်နိုင်သလောက် လာအားပေးတာပါ………….စသဖြင့်မိန်ကြားခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes