၈. ၉. ၂၀၁၃ ညဥ့်သန်းခေါင်ကျော်အချိန်တွင် ကော်ကပ်နိုင်လမ်းပေါ်မှာ ၃နှစ်ခန့် ကလေးငယ် ၁ ဦး
ငိုယိုလျှောက်သွားနေစဉ် ဘန်ဘောက်တရားဟောပြီး မဟာချိုင်သို့ ပြန်ကြွလာသော
ရွှေတွံတေးဆရာတော်နှင့်ကျောင်းသားများတွေ့ ရှိခဲ့သည်။
လူခြေတိတ်ပြီး အိမ်များပိတ်ထားသဖြင့် ကလေးမိဘကိုပတ်ဝန်းကျင်တွင် ရှာမတွေ့ နိုင်ခဲ့ မစုံစမ်းနိုင်ခဲ့ပါ
ကလေးအားမေးမြန်းကြည့်ရာ ထိုင်းစကားနားလည်ပြောဆိုနိုင်ပြီး မွန်စကားလည်းနားလည်ပုံရသည်။
အိမ်နေရာ မပြနိုင် မပြောနိုင်သဖြင့် ရွှေတွံတေးဆရာတော်က ကလေးငယ်အား ကားနဲ့ ခေါ်ယူလာပြီး
သက်ဆိုင်ရာသို့ အကြောင်းကြားရာ ၀ပ်တုရဲစခန်းက တာဝန်ကျပုဂ္ဂိုလ်မှ စခန်းသို့ လာရောက်ပို့ ဆောင်ပေးပါရန် ဆက်သွယ်လာသည့် အတွက်ကယ်တင်ပို့ ဆောင်ပေးခဲ့သည်။
ရွှေတွံတေးဆရာတော်က................ ကလေးတွေကို ဂရုစိုက်ကြပါ - ပစ်စလက်ခတ်မလုပ်ကြပါနဲ့  ညအချိန်မတော်ကြီး တလမ်းလုံး လူမရှိဘူး ခွေးတွေကိုက်ရင်လည်း ကလေးသေမှာပဲ မသမာသူနဲ့ တွေ့ ရင်လည်း တဘ၀လုံး ဒုက္ခရောက်ပြီ - ကိုယ့်ကလေးကိုယ် ချစ်တတ်ကြစမ်းပါ အခုလည်းဘုန်းကြီးကားဆရာက ထိုင်းလူမျိုးမို့ ပိုအဆင်ပြေသွားတာ မဟာချိုင်ရဲကရစ်နေကျနဲ့  ကူညီရတာ ကယ်တင်ရတာလည်း တကယ်တော့ မလွယ်ဘူး ............ စသဖြင့်မိန့် ကြားခဲ့သည်။