ရွှေတွံတေးဆရာတော် ရွှေဝါရောင် ၆ နှစ်ပြည့် ဆုတောင်းပွဲတက်ရောက်

 IMG 2990 IMG 2998 1374728 525534247531716 1604252379 n
၂၆. ၉. ၂၀၁၃ ရွှေတိဂုံစေတီတော် အောင်မြေတွင်ကျင်းပသော ရွှေဝါရောင် ၆ နှစ်ပြည့် ဆုတောင်းပွဲသို့  ရွှေတွံတေးဆရာတော် တက်ရောက်ခဲ့သည်။
1377059 556041904444467 2060851335 n 1378351 525534317531709 1185241190 n 1377139 556037037778287 119540606 n
ရွှေတွံတေးဆရာတော်က.............. ရွှေဝါရောင်တော်လှန်ရေးမှာ အသက်တွေသေ - သိက္ခာတွေကျွေ - ဘ၀တွေစတေးခဲ့ကြသော ရဟန်းရှင်လူပြည်သူတွေကို အမျှအတန်းပေးဝေချင်လို့ - ကောင်းရာသုဂတိရောက်ပြီး အစွမ်းတွေရစေချင်လို့  - အဲဒီအစွမ်းတွေနဲ့ အောင်မြင်သည်အထိ ဆက်လုပ်ကြစေချင်လို့ ဒီပွဲကိုကြွတာပါ။ ဆရာဒကာ - မင်းနဲ့ ပြည်သူ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပူပေါင်းပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ကြစေချင်တယ် - မှားတဲ့လူက တောင်းပန်ပေါ့ ဘာဝန်လေးစရာမှ မရှိဘူး ဘုန်းကြီးတွေကလည်း ရိုက်သတ်မှာ ပစ်သတ်မှာ မဟုတ်ဘူး အမှားဝန်ချရင် ခွင့်လွှတ်ပြီး ကံဆောင်တားတာရပ်ကြမှာပါ။ ဒီနိုင်ငံက ဘုန်းကြီးတွေ သြဇာကြီးပါတယ် ရိုးသားပွင့်လင်းတဲ့ စိတ်နဲ့ ပေါင်းလုပ်ကြရင် အကျိုးများမှာပါလို့  အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။ စုပေါင်းတောင်းဆိုတာတွေကို လည်း ကောင်းရင်လိုက်လျောလိုက်ကြရုံပေါ့ ဟုတ်ပလား ....... စသဖြင့်မိန့် ကြားခဲ့သည်။




 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes