


၂၀၁၄ ဇန္နဝါရီလ တနင်္ဂနွေနေ့ ကထိုင်းနိုင်ငံ ပကျွပ် နာနတ်သီးစက်ရုံ မိသားစု အလှူပွဲသို့  ရွှေတွံတေးဆရာတော် နှင့် သံဃာတော်များ ကြွရောက်ခဲ့ကြသည် ရည်ရွယ်သူများကို အထူးဖိတ်ကြားပြီး စုပေါင်း ကုသိုလ်ကောင်းမှုပြု - ပရိတ်တရားနာကြားကြ - ရေစက်ချ အမျှဝေကြ - မေတ္တာပို့ ခဲ့ကြသည်။ရွှေတွံတေးဆရာတော်က……………ဒီမိသားစု တန်းလျားလေးထဲမှာ အကာလ မရဏ ကြမ္မာဆိုးနဲ့ ကြုံတွေ့ ပြီး ဆွဲကြိုးချတာ - ရေနစ်တာ - ကားတိုက် ဆိုင်ကယ်တိုက်တာ စသဖြင့် သေဆုံးနေကြတာဆိုတော့ သမာဓိအားနဲ့  ဆရာအား - ဒကာအားနဲ့  ယုံယုံကြည်ကြည် ထိထိရောက်ရောက် ဆောင်ရွက်ပေး လိုက်တာပါ………….စသဖြင့်မိန်ကြားခဲ့ပါသည်။