


ရွှေတွံတေးဆရာတော် ရှေ့ ဆုံးလူများကို အားပေးကူညီ ရွှေတွံတေးဆရာတော်သည် ရှေ့ ဆုံးလူများကို ကူညီအားပေးနေကြောင်းသိရသည်



ရွှေတွံတေးဆရာတော်က………..ဒုက္ခိတလို့ မခေါ်ချင်ဘူး- မသန်မစွမ်းလို့ မပြောချင်ဘူး- ဒါကြောင့် ရှေ့ ဆုံးလူလို့ နာမည်အသစ်ပေးထားတာ- နိုင်ငံတကာမှာလည်း သူတို့ ကို ဦးစားပေး ရှေ့ ဆုံးမှာစီစဉ်ပေးထားတာပါ ကျေနပ်စရာကောင်းတယ် ဆင်းရဲ ချမ်းသာမရွေး ဘာသာမရွေး လူမျိုးမရွေး ရှေ့ ဆုံးလူတိုင်းကို တွေ့ တဲ့ နေရာတိုင်းမှာ အားပေးတယ် ကူညီတယ် အမှတ်တရ အင်္ကျီ ၁ထည်နဲ့  ကျပ်ငွေ ၁သောင်းလောက် ဒေသငွေကြေးနဲ့ ပေးတယ် ကိုယ့်နိုင်ငံ သာမက ထိုင်း- နီပေါ နဲ့  အိန္ဒိယမှာလည်း ပေးခဲ့ပြီးပြီ ၁၅-နှစ်လောက်ကတည်းက ခပ်ကျဲကျဲလုပ်ဖြစ်တာ အခုတော့ ခပ်များများ စီစဉ်ကူညီပေးဖြစ်သွားတာပါ……..စသဖြင့်မိန့် ကြားခဲ့သည်။