


ရွှေတွံတေးဆရာတော်သည် စစ်ကိုင်းတိုင်း ဆားတောင်အနီး တောင်ကြားရွာ၏ ၇၅နှစ်အထက် သက်ကြီး ဘိုးဘွား၁၀၈ဦးပူဇော်ပွဲကို ကြွရောက်ပြီး တီရှပ်အင်္ကျီများ အလှူငွေများနှင့် အလှူပစ္စည်းများချီးမြှောက်ခဲ့သည်။



ရွှေတွံတေးဆရာတော်က…….ဒီရွာလေး အိမ်ခြေ ၅၀၀ လောက်မှာ ၇၅နှစ်အထက် သက်ကြီး ၁၀၀ကျော်ရှိတာ အံ့သြမိတယ် တကမ္ဘာလုံး ရောဂါထူပြီး သက်တမ်းတိုနေချိန်မှာ ဒီရွာက အသက်ရှည်ကြတာ အများကြီးဆိုတော့စိတ်ဝင်စားတယ် သေသေချာချာ မှတ်ပုံတင်ထားရဲ့လား ရမ်းရေးထားတာလားလို့ တောင် ထင်တယ်ပြောလို့  ဘိုးဘွားတွေက သေချာကြောင်း မှတ်ပုံတင်ပြကြတာ ပျော်ပျော် ပါးပါးပါဘဲ ဘိုးဘွားတွေရဲ့ သီလကောင်းခဲ့လို့ အသက်ရှည်ကြတာဖြစ်မှာပါ - ဒါကြောင့် ဘိုးဘွားတွေရဲ့ သီလအားနဲ့ အသက်အားနဲ့ ဝိုင်းပြီး နှိင်ငံကြီးငြိမ်းချမ်းအောင် ကမ္ဘာကြီးငြိမ်းချမ်းအောင် လူသားအားလုံး ငြိမ်းချမ်းအောင် ဆုတောင်းမေတ္တာပို့ သပေးကြပါ……စသဖြင့်မေတ္တာရပ်ခဲ့ပါသည်။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်